အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများ

1. အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများ

ဤအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများသည် HUAWEI Honor သုံးစွဲသူ ဝဘ်ဆိုက် (https://www.hihonor.com/mm/index.html) အပေါ် သက်ရောက်မှုရှိသည်။ ဤဝဘ်ဆိုက်သို့ ဝင်ရောက်ခြင်းအားဖြင့် သင်သည် အောက်ပါ စည်းမျဉ်းများကို လက်ခံသည်ဟု အသိအမှတ်ပြုသည်။ ဤတွင်ဖော်ပြထားသော စည်းမျဉ်းတစ်စုံတစ်ရာကို နားမလည်ပါက သို့မဟုတ် လက်မခံပါက သင်သည် ဤဝဘ်ဆိုက်အား အသုံးပြုမှုကို ရပ်ဆိုင်းသင့်သည်။

ဥပဒေက ခွင့်ပြုထားသော အတိုင်းအတာအထိ HUAWEI Honor က ကြိုတင်သတိမပေးဘဲ ဤအသုံးပြုမှု စည်းမျဉ်းများကို အချိန်မရွေး ပြောင်းလဲပိုင်ခွင့်ရှိသည်။ ဤအသုံးပြုမှု စည်းမျဉ်းများတွင် ပြောင်းလဲမှုရှိမရှိ ပုံမှန်စစ်ဆေးရန်အတွက် သင့်တွင် တာဝန်ရှိသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုများ လုပ်ဆောင်ပြီးနောက်ပိုင်း ဤဝဘ်ဆိုက်ကို ဆက်လက်အသုံးပြုလျှင် အဆိုပါ ပြောင်းလဲမှုများကို သင်လက်ခံသည်ဟု မှတ်ယူသည်။

2. ဝဘ်ဆိုက် အချက်အလက်နှင့် ရှင်းလင်းချက်

ဤဝဘ်ဆိုက်၏ ဆာဗာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ရှိသည်။ HUAWEI Honor သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂူအန်ဒေါင်ဒေသရှိ ၎င်း၏ ဌာနချုပ်များမှနေ၍ ဤဝဘ်ဆိုက်ကို စီမံခန့်ခွ္ပဲပြီး အလုပ်လုပ်စေသည်။ ဤဝဘ်ဆိုက်ကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို ဝင်ရောက်ကြည့်ရှုနိုင်သော်လည်း ဤဝဘ်ဆိုက်မှတစ်ဆင့် သို့မဟုတ် ဝဘ်ဆိုက်ပေါ်တွင် ဆွေးနွေးထားသော၊ ဖော်ပြထားသော၊ ထောက်ပံ့ထားသော၊ ပံ့ပိုးထားသော လုပ်ဆောင်ချက်များ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားနိုင်သည်။

အကယ်၍ သင်သည် တရုတ်နိုင်ငံပြင်ပရှိ နိုင်ငံများ သို့မဟုတ် ဒေသများမှနေ၍ ဤဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုပါက သင်၏ ကိုယ်ပိုင်ဆန္ဒဖြင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသတွင်း ဥပဒေများက ခွင့်ပြုထားသည့်အတိုင်းသာ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြုနိုင်သည်။

3. ဝဘ်ဆိုက်တွင် ပါဝင်သည့် အကြောင်းအရာများ

အထက်ပါ ဖော်ပြထားသော အကြောင်းအရာများ၏ စိတ်ကူးစိတ်သန်းများ၊ ဒီဇိုင်း၊ တည်ဆောက်ပုံ၊ ဖော်ပြချက်နှင့် ပြသချက်များ အပါအဝင် ကန့်သတ်မထားဘဲ စာသားများ၊ ရုပ်ပုံများ၊ လှုပ်ရှားသက်ဝင်နေသော ရုပ်ပုံများ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ ပုံစံများ၊ ဇယားဖော်ပြချက်များ၊ ပုံရိပ် ကြားခံစနစ်များနှင့် ကုဒ် (ဤမှနောက်တွင် အကြောင်းအရာအဖြစ် ရည်ညွှန်းသည်) အားလုံးကို HUAWEI Honor မှ တရားဝင် ပိုင်ဆိုင်၊ ထိန်းချုပ် သို့မဟုတ် ထိုအရာများကို အသုံးပြုရန် တရားဝင် ခွင့်ပြုပေးပိုင်ခွင့် ရှိသည်။ ဤအသုံးပြုမှုစည်းမျဉ်းများတွင် ဖော်ပြမထားလျှင် HUAWEI Honor ၏ ကြိုတင် ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ မည်သည့်စီးပွားရေး ရည်ရွယ်ချက်အတွက်မျှ ဤဝဘ်ဆိုက်ရှိ အကြောင်းအရာများကို လုံးဝ လုံးဝ အသုံးမပြုရပါ။

အောက်ပါအချက်အလက်များနှင့် ပြည့်စုံမှသာ သင်သည် HUAWEI Honor ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဤဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များကို ဒေါင်းလုဒ်ရယူနိုင်သည်-

1. အဆိုပါ အချက်အလက်များကို စီးပွားရေး ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက် အတွက်သာ အသုံးပြုရမည်။

2. အဆိုပါ အချက်အလက်များကို မည်သို့သော ပြောင်းလဲမှုမျှ မပြုလုပ်ရပါ။

3. အဆိုပါ အချက်အလက်များ သို့မဟုတ် အဆိုပါ အချက်အလက်များ ပါဝင်သော စာရွက်စာတမ်းများနှင့် စပ်လျဉ်းပြီး နောက်ထပ် ဖော်ပြချက်များနှင့် အာမခံချက်များ မပြုလုပ်ရပါ။

4. အဆိုပါ အချက်အလက်များနှင့် စပ်လျဉ်း၍ HUAWEI Honor ၏ ပိုင်ဆိုင်မှု၊ အခြား တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးအမြတ်များကို ဖော်ပြသော ဖော်ပြချက်များ နှင့်/ သို့မဟုတ် အသိပေးချက်များအား တစ်စိတ်တစ်ပိုင်းဖြစ်စေ သို့မဟုတ် တစ်ခုလုံးဖြစ်စေ ဖယ်ထုတ်ခြင်း မပြုရ။

4. သုံးစွဲမှု သတ်မှတ်စံနှုန်းများ

ဤဝဘ်ဆိုက်နှင့် ၎င်းတွင်ပါဝင်သော အကြောင်းအရာများကို တရားမဝင် သို့မဟုတ် ဤသုံးစွဲမှု စည်းမျဉ်းများတွင် တားမြစ်ထားသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို သို့မဟုတ် အခြားသူများ သို့မဟုတ် အခြားအဖွဲ့အစည်းများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးအမြတ်များကို ချိုးဖောက်ရန် အသုံးမပြုရ။

ဤဝဘ်ဆိုက် သို့မဟုတ် ၎င်းတွင် ပါဝင်သောအကြောင်းအရာ တစ်စုံတစ်ရာထဲသို့ ဝင်ရောက်ရန်၊ ရယူရန်၊ ကူးယူရန် သို့မဟုတ် စောင့်ကြည့်ရန် ကွန်ရက်များ၊ စက်ရုပ်များ၊ လင့်ခ်များနှင့် ဝဘ်ဆိုက်များမှ ဒေတာများ ရယူခြင်းများ အပါအဝင် ကိရိယာ၊ ပရိုဂရမ် သို့မဟုတ် အယ်လ်ဂိုရစ်သမ်များကို မည်သည့်ပုံစံဖြင့်မဆို အသုံးမပြုရပါ။ ထို့အပြင် ဤဝဘ်ဆိုက်က ပံ့ပိုးမထားသော နည်းလမ်းတစ်စုံတစ်ရာဖြင့် ဤဝဘ်ဆိုက်ပေါ်ရှိ ပစ္စည်းများ၊ စာရွက်စာတမ်းများ သို့မဟုတ် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်း၊ ရယူခြင်း သို့မဟုတ် ကူးယူခြင်းများ မပြုလုပ်ရပါ။

ဤဝဘ်ဆိုက်၊ ၎င်းတွင် ပါဝင်သည့်အကြောင်းအရာများ သို့မဟုတ် ၎င်း၏ ဝန်ဆောင်မှုများကို တရားဝင်ခွင့်ပြုမထားသော ဝင်ရောက်သုံးစွဲခွင့်ရရန် တရားမဝင် ဝင်ရောက်ခြင်း၊ ကုဒ်ပြောင်းခြင်း သို့မဟုတ် အခြား တရားမဝင်နည်းလမ်းများကို အသုံးပြုခြင်းများ မပြုလုပ်ရပါ။ သင်၏ အချက်အလက်များမှလွဲ၍ သုံးစွဲသူများ၏ HUAWEI Honor ID များ အကန့်အသတ်မရှိ အပါအဝင် ဤဝဘ်ဆိုက်ပေါ်ရှိ သုံးစွဲသူတစ်စုံတစ်ယောက်၏ အချက်အလက်များကို ခြေရာခံခြင်း၊ အချက်အလက်များကို စုံစမ်းရှာဖွေခြင်း၊ ကုဒ်ဖြည်ခြင်း သို့မဟုတ် ကုဒ်ပြောင်းခြင်းများ မပြုလုပ်ရပါ။

ဤဝဘ်ဆိုက်က အသုံးပြုထားသော သို့မဟုတ် ၎င်းနှင့် ချိတ်ဆက်ထားသော လုံခြုံရေး တည်ဆောက်ပုံများ သို့မဟုတ် စစ်မှန်ကြောင်း စစ်ဆေးအတည်ပြု လုပ်ဆောင်ချက်များကို နှောင့်ယှက်ခြင်း မပြုရပါ။ ဤဝဘ်ဆိုက်၏ ကွန်ရက်အားနည်းချက်များ သို့မဟုတ် ၎င်းနှင့်ချိတ်ဆက်နေသော အရာများကို စစ်ဆေးခြင်း၊ ရှာဖွေခြင်း သို့မဟုတ် စမ်းသပ်ခြင်းနှင့် မည်သည့် တိုက်ခိုက်မှုပုံစံ တစ်စုံတစ်ရာမျှ မပြုလုပ်ရပါ။

ဤဝဘ်ဆိုက်၏ ပုံမှန်ဆောင်ရွက်ချက်များ သို့မဟုတ် ဤဝဘ်ဆိုက်ပေါ်တွင် ပြုလုပ်ထားသော လုပ်ဆောင်ချက်များကို နှောင့်ယှက်ရန် သို့မဟုတ် နှောင့်ယှက်ဖို့ အားထုတ်ရန် သို့မဟုတ် အခြားသူများမှ ဤဝဘ်ဆိုက်ကို အသုံးပြု၍ နှောင့်ယှက်ရန် သို့မဟုတ် နှောင့်ယှက်ဖို့ အားထုတ်ရန်အတွက် မည်သည့် ကိရိယာ၊ ဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်ကိုမျှ အသုံးမပြုရပါ။ ဤဝဘ်ဆိုက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စနစ် သို့မဟုတ် ကွန်ရက် သို့မဟုတ် ဤဝဘ်ဆိုက်နှင့် ချိတ်ဆက်ထားသော စနစ်များ သို့မဟုတ် ကွန်ရက်များပေါ်တွင် ကျိုးကြောင်းမဆီလျော်သော သို့မဟုတ် အချိုးအစားမညီသော ဒေတာပမာဏများကို သိမ်းဆည်းခြင်း မပြုလုပ်ရပါ။

5. အကောင့်၊ စကားဝှက်နှင့် လုံခြုံရေး

ဤဝဘ်ဆိုက်ပေါ်ရှိ အချို့သော လုပ်ဆောင်ချက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက်သုံးစွဲခွင့်ရရန် သင်သည် HUAWEI Honor ID တစ်ခု မှတ်ပုံတင်ထားရန် သို့မဟုတ် သင်၏ HUAWEI Honor ID ဖြင့် ဝင်ရောက်ရန် လိုအပ်သည်။ သင်၏ စကားဝှက်အပါအဝင် သင်၏ အကောင့်အချက်အလက်များ၏ လျှို့ဝှက်ချက်များကိုကာကွယ်ရန် သင့်တွင် တာဝန်အပြည့် ရှိသည်။ အဆိုပါ အချက်အလက်များ၏ လုံခြုံရေးနှင့် လျှို့ဝှက်ချက်များကို မထိန်းသိမ်းနိုင်သော ဖြစ်ရပ်တွင် သင်၏ အကောင့်တွင် ဖြစ်ပွားလာသော ဖြစ်ရပ်အားလုံးအတွက် သင့်တွင် တာဝန်အပြည့်ရှိသည်။

စကားဝှက် ပြောင်းလဲခံရခြင်း သို့မဟုတ် ခွင့်ပြုမထားသူများက အကောင့်ကိုဖွင့်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့အပါအဝင် ကန့်သတ်မထားဘဲ သင်၏ အကောင့်တွင် မူမမှန်မှုများ သို့မဟုတ် ပုံမှန်မဟုတ်ခြင်းများ ရှိလာပါက HUAWEI Honor သို့ ချက်ချင်း အကြောင်းကြားသင့်သည်။ သင့်အကောင့်၏ လျှို့ဝှက်ချက်များကို မထိန်းသိမ်းနိုင်ခြင်းကြောင့် သင်၏အကောင့်ကို အခြားသူများမှ အသုံးပြုပြီး နောက်ဆက်တွဲအနေဖြင့် HUAWEI Honor သို့မဟုတ် ဤဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသော အခြားသုံးစွဲသူများကို ထိခိုက်မှုများ ဖြစ်စေပါက အဆိုပါ ထိခိုက်မှုများအတွက် သင့်တွင် တာဝန်ရှိသည်။

အကောင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများ၏ HUAWEI Honor ID များကို မည်သည့်အခါမျှ အသုံးမပြုရပါ။ ဤပိုဒ်ခွဲကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ကိုယ်ရေးကိုယ်တာ ထိခိုက်မှုများ သို့မဟုတ် သင်ကိုယ်တိုင်ကိုဖြစ်စေ၊ အခြားသူများကိုဖြစ်စေ ဆုံးရှုံးမှုများ ဖြစ်လာပါက HUAWEI Honor က အဆိုပါ ဆုံးရှုံးမှုများကို တာဝန်ယူမည် မဟုတ်ပါ။

6. ပြင်ပသို့ လင့်ခ်များ

ဤဝဘ်ဆိုက်တွင် သီးခြား ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော လင့်ခ်များ ပါဝင်နိုင်သည်။ ဤလင့်ခ်များကို ဤဝဘ်ဆိုက် အသုံးပြုသူများ အဆင်ပြေစေရန်သာ ပံ့ပိုးထားခြင်း ဖြစ်သည်။ ဤလင့်ခ်ချိတ်ထားသော ဝဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် အချက်အလက်များနှင့် စပ်လျဉ်းပြီး ဖော်ပြ၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ HUAWEI Honor က အာမခံခြင်း မရှိပါ သို့မဟုတ် လင့်ခ်ချိတ်ထားသော ဝဘ်ဆိုက်များနှင့် စပ်လျဉ်းပြီး ဤလင့်ခ်များအား HUAWEI Honor မှ အကြံပြုထားခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းဟု မမှတ်ယူရပါ။ ဤလင့်ခ်ချိတ်ထားသော ဝဘ်ဆိုက်အားလုံးကိုဖြစ်စေ၊ အနည်းငယ်ကိုဖြစ်စေ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သည်၊ သို့သော် ထိုသို့လုပ်ဆောင်ချက်များ၏ အကျိုးရလဒ်အတွက် HUAWEI Honor မှ တာဝန်မယူပါ။

7. ကိုယ်ရေးလုံခြုံမှု

ဤဝဘ်ဆိုက်ကို HUAWEI Honor ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအရ ထုတ်လွှင့်ထားခြင်းဖြစ်ပြီး ဤဝဘ်ဆိုက်၏ ဝဘ်ဆိုက်စာမျက်နှာများအောက်ခြေဘားရှိ “ကိုယ်ရေးလုံခြုံမှု မူဝါဒ” ကို ရွေးချယ်ကာ အသေးစိတ်များကို ကြည့်ရှုနိုင်သည်။

သင်နှင့် ဤဝဘ်ဆိုက်အကြား ကွန်ရက်ချိတ်ဆက်မှုနှင့် ထုတ်လွှင့်သောဒေတာတို့သည် အပြည့်အဝ လုံခြုံမှုမရှိကြောင်း သို့မဟုတ် အပြည့်အဝ လျှို့ဝှက်ထားရှိခြင်းမဟုတ်ကြောင်းနှင့် ဤဝဘ်ဆိုက်သို့ သင် ပေးပို့သော အချက်အလက်များနှင့် ဒေတာတို့ကို အခြားသူများက ကြားဖြတ်ဆွဲယူနိုင်ကြောင်း မှတ်သားထားသင့်ပါသည်။ HUAWEI Honor သည် သင်နှင့် ဤဝဘ်ဆိုက်အကြား ကွန်ရက်ချိတ်ဆက်မှုနှင့် ထုတ်လွှင့်သည့် ဒေတာအကြား လုံခြုံရေးနှင့် လျှို့ဝှက်ဖြစ်တည်မှုကို အာမခံပေးနိုင်ခြင်း မရှိပါ။

8. လုပ်ပိုင်ခွင့်များကို ထိန်းသိမ်းထားရှိခြင်း

HUAWEI Honor သည် အောက်ပါ လုပ်ဆောင်ချက်များကို ကြိုတင်အကြောင်းမကြားဘဲ အချိန်မရွေး ဆောင်ရွက်ပိုင်ခွင့် ရှိသည်-

1. မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ ဤဝဘ်ဆိုက်တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်းကို ဝင်ရောက်သုံးစွဲခွင့် သို့မဟုတ် ၎င်း၏ လုပ်ဆောင်ချက်ကို ယာယီ ရပ်ဆိုင်း သို့မဟုတ် အပြီး ရပ်စဲနိုင်သည်။

2. ဤဝဘ်ဆိုက်ပါ အကြောင်းအရာ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ သက်ဆိုင်ရာ မူဝါဒများ၊ စည်းကမ်းချက်များ သို့မဟုတ် ပိုဒ်ခွဲများကိုဖြစ်စေ ပြုပြင် သို့မဟုတ် ပြောင်းလဲနိုင်သည်။

3. ပြုပြင်ထိန်းသိမ်းရန်၊ အမှားများကို ပြင်ရန် သို့မဟုတ် အခြား ထိုသို့သော ပြောင်းလဲမှုများကို ပုံမှန်ဖြစ်စေ၊ အလျဉ်းသင့်သလိုဖြစ်စေ ကြားဖြတ်လုပ်ဆောင်ရန် ဤဝဘ်ဆိုက်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း၏ လုပ်ဆောင်ချက်ကို ယာယီ ရပ်ဆိုင်းထားနိုင်သည်။

9. မသက်ဆိုင်ကြောင်း ငြင်းပယ်ချက်

ဤဝဘ်ဆိုက်၊ ၎င်းတွင်ပါဝင်သည့် အကြောင်းအရာများ သို့မဟုတ် ၎င်း၏ ဝန်ဆောင်မှုများအား ရရှိနိုင်မှု၊ ဆက်လက်ပံ့ပိုးပေးမှုနှင့် ရယူသုံးစွဲနိုင်မှုနှင့် ပတ်သက်ပြီး HUAWEI Honor က အာမ မခံပေးနိုင်ပါ။ ဤဝဘ်ဆိုက်နှင့် ၎င်းတွင်ပါဝင်သည့် အကြောင်းအရာများကို “ရှိရင်းစွဲ” အတိုင်း ပံ့ပိုးပေးထားခြင်း ဖြစ်သည်။ အသုံးပြုသူတစ်ဦးဖြစ်သော သင်သည် ဤဝဘ်ဆိုက်နှင့် ၎င်းနှင့် ချိတ်ဆက်ထားသော မည်သည့်ဝဘ်ဆိုက်ကိုမဆို အသုံးပြုမှုအတွက် တာဝန်အပြည့်ရှိသည်။ ဤဝဘ်ဆိုက်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ကျေနပ်ခြင်းမရှိလျှင် သင်ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤဝဘ်ဆိုက်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အသုံးပြုခြင်းအား ရပ်ဆိုင်းရန်ဖြစ်သည်၊ ဖြေရှင်းနည်းများအား ကန့်သတ်ခြင်းသည် ဤဝဘ်ဆိုက်အား အသုံးပြုမှုနှင့် စပ်လျဉ်းသော သင်နှင့် HUAWEI Honor အကြား သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထုတ်ကုန်၏ လုပ်ဆောင်ချက်များ၊ စီစဉ်သတ်မှတ်မှုများ၊ သတ်မှတ်ချက်ဘောင်များ၊ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့် ဝန်ဆောင်မှုတွင် ပါဝင်သည့်အကြောင်းအရာများ အပါအဝင် ကန့်သတ်မထားဘဲ ရရှိနိုင်သည့် ထုတ်ကုန်အမျိုးအစားများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ဤဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။ လုပ်ဆောင်ချက်များ၊ စီစဉ်သတ်မှတ်ချက်များ၊ သတ်မှတ်ချက်ဘောင်များနှင့် ပေးထားသည့် ထုတ်ကုန်၏ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်စံနှုန်းများကို ထိုထုတ်ကုန်ပစ္စည်း၏ သက်တမ်းတစ်လျှောက် မတူညီသည့် အဆင့်များတွင် ညှိယူကောင်းညှိယူနိုင်ပြီး သက်ဆိုင်သည့် အချက်အလက်များကို အပ်ဒိတ်လုပ်ရန် HUAWEI Honor အတွက် အချိန်အနည်းငယ် ကြာနိုင်ပါသည်။ ထို့ကြောင့် ဤဝဘ်ဆိုက်တွင် မြင်တွေ့ရသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုအချက်အလက်များနှင့် သင် ဝယ်ယူသည့် တကယ့်ထုတ်ကုန်အကြား သို့မဟုတ် သင့်ဈေးကွက်တွင် ရောင်းချသည့် ထုတ်ကုန်များအကြား ကွဲလွဲချက်အချို့ ရှိကောင်း ရှိနိုင်ပါသည်။ HUAWEI Honor က ဤဝဘ်ဆိုက်ပါ အကြောင်းအရာများ၏ မှန်ကန်မှု၊ ပြီးပြည့်စုံမှု သို့မဟုတ် အားထားရမှုအတွက် အာမ မခံနိုင်ပါ။

10. တာဝန်ယူမှုများအား ကန့်သတ်ချက်

ဥပဒေအရတားမြစ်ထားသည်မှလွဲ၍ အခြေအနေအားလုံးအောက်တွင် ဖြစ်လာနိုင်သော အန္တရာယ်များကို HUAWEI Honor မှ သတိပြုပြီးသားဖြစ်သည့်တိုင် အကျိုးအမြတ် ဆုံးရှုံးမှု အပါအဝင် ကန့်သတ်ထားခြင်းမရှိဘဲ ဤဝဘ်ဆိုက်အား သုံးစွဲမှုမှဖြစ်လာနိုင်သည့် သွယ်ဝိုက်သော၊ ဆင့်ပွားဖြစ်သော၊ မတော်တဆဖြစ်သော၊ ဆက်စပ်သော သို့မဟုတ် ပြင်းထန်သော ထိခိုက်မှုအားလုံးတို့အတွက် HUAWEI Honor မှ တာဝန်ယူမည် မဟုတ်ပါ။

ဤဝဘ်ဆိုက်အား သင်အသုံးပြုမှုကြောင့် ထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုတစ်မျိုးမျိုး ဖြစ်ပေါ်ပါက HUAWEI Honor နှင့် ၎င်း၏ မိတ်ဖက်များမှ တစ်ခုတည်းသော အများဆုံး တာဝန်ယူနိုင်သည့်ပမာဏသည် ဝန်ဆောင်မှုများ သို့မဟုတ် ဤဝဘ်ဆိုက်၏ အင်္ဂါရပ်များအား သင်အသုံးပြုမှုနှင့် စပ်လျဉ်းသော စာရင်းသွင်းကြေး သို့မဟုတ် အလားတူအခကြေးငွေတို့၏ စုစုပေါင်းတန်ဖိုးထက် မကျော်လွန်ရပါ။

အချို့ ဥပဒေကြောင်းအရ တရားစီရင်ရေးနယ်မြေများတွင် တာဝန်ယူမှုကို ကန့်သတ်ခွင့်မပြုပါ။ ထိုသို့သောအခြေအနေတွင် အထက်တွင်ဖော်ပြထားသော ကန့်သတ်ချက်များက သင့်အတွက် အကျုံးဝင်မည် မဟုတ်ပါ။

11. လျော်ကြေးပေးလျော်ခြင်း

ဤဝဘ်ဆိုက်အား သင်အသုံးပြုမှုကြောင့် သို့မဟုတ် ၎င်းနှင့် စပ်လျဉ်း၍ Hwawei အပေါ် ဖြစ်ပေါ်လာသည့် ပြင်ပအဖွဲ့အစည်းမှ တောင်းဆိုချက်၊ ဆုံးရှုံးမှု၊ တာဝန်ယူမှု၊ အဆိုပြုချက် သို့မဟုတ် ကုန်ကျစရိတ် (ရှေ့နေကြေးများ အပါအဝင်) တို့အတွက် သင်သည် HUAWEI Honor၊ ၎င်း၏ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ မိတ်ဖက်များနှင့် အခြားလိုင်စင်ရထားသော ပုဂ္ဂိုလ်များအား နစ်နာကြေးပေးလျော်ရန် သဘောတူရမည်။

12. အမှီအခိုကင်းလွတ်သော ဖြေရှင်းနည်းများ

အဆိုပါ သဘောတူညီချက်ပါအချက်များ နှင့်/သို့မဟုတ် အပိုဒ်ငယ်များက ရည်ရွယ်ထားသည့် ရည်ရွယ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရန် သို့မဟုတ် ဥပဒေအရ အာဏာတည်စေရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ထားသည့်တိုင် ဤသဘောတူစာချုပ်၏ ပုဒ်မ 10 “တာဝန်ယူမှုများအား ကန့်သတ်ခြင်း” နှင့် ပုဒ်မ 11 “လျော်ကြေးပေးလျော်ခြင်း” တို့ရှိ စာပိုဒ်ငယ်များသည် သီးခြား သက်ရောက်မှု ရှိပါသည်။ သက်ဆိုင်သော ထိရောက်သည့် ဥပဒေများအရ ခွင့်ပြုထားသည့် အတိုင်းအတာအတွင်းတွင် ဆုံးရှုံးမှုသည် (1) စာချုပ်ချိုးဖောက်မှု၊ (2) အာမခံချက် ချိုးဖောက်မှု၊ (3) ပေါ့ဆမှု သို့မဟုတ် မှားယွင်းဖော်ပြမှုတို့ အပါအဝင် မှားယွင်းချက်များ သို့မဟုတ် ချိုးဖောက်မှုများ၊ (4) တင်းကျပ်သော တာဝန်ရှိမှု၊ (5) သို့မဟုတ် အခြားမည်သည့် အကြောင်းအရင်းမဆိုကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤ၌ ပိုဒ်ခွဲ 10 နှင့် ပိုဒ်ခွဲ 11 တွင် ပြဌာန်းထားသည့် တာဝန်ယူမှု ကန့်သတ်ချက်များက အကျုံးဝင်ပါမည်။

13. အကြံပြုချက်

ဤဝဘ်ဆိုက်နှင့်ပတ်သက်သော သင်၏ အကြံပြုချက်များကို လျှို့ဝှက်ထားရန်မလိုဟု သတ်မှတ်ပါမည်။ HUAWEI Honor သည် ကန့်သတ်ချက်မရှိဘဲ ဤအချက်အလက်ကို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်ကို သီးသန့် ထိန်းသိမ်းထားပါသည်။

14. ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းများအား ချိုးဖောက်မှု

သင်သည် ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များအနက် တစ်စုံတစ်ခုအား ချိုးဖောက်သည်ဟု HUAWEI Honor က ယူဆပါက ဤဝဘ်ဆိုက်သို့ သင်၏ ဝင်ရောက်ခွင့်ကို အဆုံးသတ်ရန် နှင့်/သို့မဟုတ် သင့်အား ဤဝဘ်ဆိုက်သို့ လေ့လာကြည့်ရှုခြင်းမှ ပိတ်ဆို့ရန် HUAWEI Honor တွင် လုပ်ပိုင်ခွင့်ရှိသည်ကို သင် သဘောတူပါသည်။

ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းများအား သင့်ဘက်မှ ချိုးဖောက်ခြင်းကြောင့် ဤဝဘ်ဆိုက်သို့ သင် ဝင်ရောက်ခွင့်ကို HUAWEI Honor မှ ပြန်ရုပ်သိမ်းပါက သင် သို့မဟုတ် မည်သည့် ပြင်ပအဖွဲ့အစည်းမဆိုအတွက် HUAWEI Honor တွင် မည်သည့်တာဝန်မျှ မရှိပါ။ွ

အောက်ဖော်ပြပါအကြောင်းရင်းတို့ အကန့်အသတ်မရှိ အပါအဝင် ကြိုတင်အသိပေးအကြောင်းမကြားဘဲ ဤဝဘ်ဆိုက်၏ အင်္ဂါရပ် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား သင် ဝင်ရောက်ခွင့်ကို အဆုံးသတ်ရန် HUAWEI Honor မှ တစ်ဦးတည်းဆုံးဖြတ်နိုင်ကြောင်းကို သင်သဘောတူပါသည်-

(1) ဥပဒေ အာဏာတည်စေရေး အေဂျင်စီများ သို့မဟုတ် အခြားအစိုးရ အဖွဲ့အစည်းများ၏ တောင်းဆိုချက်များအပေါ် တုံ့ပြန်ချက်။

(2) သင်၏ ကိုယ်ပိုင်တောင်းဆိုချက်အပေါ် တုံ့ပြန်ချက်။ (သင်၏ HUAWEI Honor ID အား ဖျက်ပစ်ရန် တောင်းဆိုပါက အွန်လိုင်းဈေးဝယ်သည့် လုပ်ဆောင်ချက်များအား အသုံးပြုနိုင်တော့မည် မဟုတ်ပါ။)

(3) ဤဝဘ်ဆိုက် သို့မဟုတ် ၎င်း၏ဝန်ဆောင်မှုများမှ မည်သည်မဆိုအား ရပ်ဆိုင်းခြင်း သို့မဟုတ် အကြီးစား ပြုပြင်မွမ်းမံခြင်း။

(4) ကြိုတင်မခန့်မှန်းနိုင်သော နည်းပညာဆိုင်ရာ ပြဿနာများ။

15. သက်ဆိုင်ရာ ဥပဒေများနှင့် တရားစီရင်ပိုင်ခွင့်

ဤသဘောတူညီချက်အား အတည်ပြုခြင်း၊ အာဏာတည်စေခြင်းနှင့် အဓိပ္ပါယ်ပြန်ဆိုခြင်းတို့နည်းတူ ယင်းနှင့်တွဲလျက် ဆက်စပ်နေသော အငြင်းပွားမှုများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများအရ ဖြေရှင်းပါသည်။

ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးသည့်နေရာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ရှန်းဇန်မြို့၊ လောင်းဂန်ပြည်နယ်ဟု မှတ်ယူပါမည်။ ဤသဘောတူညီချက်ပါ အကြောင်းအရာ သို့မဟုတ် ယင်းအား အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ မည်သည့် အငြင်းပွားမှုမဆို ပေါ်ပေါက်ပါက နှစ်ဘက်စလုံးက အခင်အမင်မပျက်သော ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်သင့်ပါသည်။ ညှိနှိုင်းဆွေးနွေးသော်လည်း ကျေအေးမှုမရရှိပါက လက်မှတ်ရေးထိုးထားသည့် တရားစီရင်ပိုင်ခွင့်ဒေသရှိ တရားရုံးတစ်ခုတွင် တစ်ဖက်ဖက်က အမှုဖွင့်နိုင်ပါသည်။

16. အထွေထွေ

ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များသည် ဤဝဘ်ဆိုက်အား သုံးစွဲမှုနှင့် စပ်လျဉ်းသည့် သင်ကိုယ်တိုင်နှင့် HUAWEI Honor အကြား သဘောတူညီချက် အပြည့်အစုံဖြစ်ပြီး ၎င်းတို့က ဤဝဘ်ဆိုက်အား အသုံးပြုမှုနှင့် စပ်လျဉ်း၍ သင်ကိုယ်တိုင်နှင့် HUAWEI Honor အကြား ယခင်ရေးသားထားသော သို့မဟုတ် နှုတ်ဖြင့်ပြောဆိုထားသော သဘောတူညီချက် အားလုံးကို အစားထိုးပါသည်။ သင်ကိုယ်တိုင်နှင့် HUAWEI Honor အကြား လက်မှတ်ရေးထိုးထားသော အခြားသဘောတူစာချုပ်ပါ ပြဌာန်းထားချက်များ ရှိလင့်ကစား HUAWEI Honor သည် ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များနှင့် စပ်လျဉ်းသော မည်သည့် တန်ပြန်-ကမ်းလှမ်းချက်ကိုမဆို လက်ခံမည် မဟုတ်ဘဲ ဤနည်းအားဖြင့် တန်ပြန်ကမ်းလှမ်းချက်အားလုံးကို ရှင်းရှင်းလင်းလင်း ငြင်းဆိုပါသည်။

HUAWEI Honor မှ ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များအား တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ခြင်းကို ထိန်းသိမ်းရန်သို့မဟုတ် တောင်းဆိုရန် ပျက်ကွက်ပါက ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များအား အကောင်အထည်ဖော်မှု သို့မဟုတ် အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ ကိုယ်၌နှင့်ဆက်စပ်သော မည်သည့် လုပ်ပိုင်ခွင့်မဆိုအတွက် HUAWEI Honor ၏ အပိုင်းကဏ္ဍအပေါ် စွန့်လွှတ်ခြင်းဖြစ်သည်ဟု မယူဆသင့်ပါသည်။ HUAWEI Honor နှင့် သင်ကိုယ်တိုင် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတို့အကြား မည်သည့် အရေးယူမှုကိုမျှ မပြုလုပ်ခြင်းသည် ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ၏ ပြဌာန်းချက်များအား ပြောင်းလဲလိုက်ခြင်း မဟုတ်ပါ။