Honor 7X

မျက်နှာလော့ဖွင့်ခြင်းသည် လေမြန်ပြီးလုံခြုံစွာ ဖွင့်နိုင်သည်။

လက်ဗွေဖွင့်ခြင်း
လော့မြန်ဆန်စွာဖွင့်ခြင်း

*System update ကိုမြင့်တင်ပြီးမှ ဒီ function ကိုရရှိမယ်။

သီးသန့်လုံခြုံရေးစနစ်

Smart Lock Screen Notification。Massgae တစ်ခုဝင်လာတဲ့အချိန်မှာ ကိုယ်ပိုင် Faceunlock ခံထားသူတာ ရောက်ရှိနေသော Massage ကို ဖတ်နိုင်ပါသည်။တခြားသူတစ်ယောက် ဒီ Massage ကို လုံးဝဖတ်လို့မရပဲ ဒီMassage ကို ၀ှက်ထားပေးပါသည်။ကိုယ် Massage ကို အခြားသူမတွေ့အောင် ထိန်းသိမ်းထားပါသည်။

*System update ကိုမြင့်တင်ပြီးမှ ဒီ function ကိုရရှိမယ်။

Honor မျက်နှာပြင်အပြည့် ပြသမှု
16 MP ယှဉ်တွဲ-မှန်ဘီလူး ကင်မရာ 2
4GB RAM
16 nm ပရိုဆက်ဆာ
3,340 mAh ဘက်ထရီ (ပျမ်းမျှတန်ဖိုး)
0.25 စက္ကန့် လော့ခ်ဖြည်စနစ် 3
Android 7.0 ကို အခြေခံထားသည်
64 GB သိုလှောင်မှု

ကန့်သတ်ဘောင်များ မရှိသော သုံးဖက်မြင် ရုပ်လုံးကြွမြင်ကွင်း ထုတ်လုပ်ပေးမှု

ဘောင်ခတ်မထားသော မျက်နှာပြင်အပြည့် ဒီဇိုင်း- မြင့်မားသော မျက်နှာပြင်နှင့် ကိုယ်ထည် အချိုးအစားတစ်ခုနှင့် 2160 x 1080 FHD+ ရုပ်ထွက်အရည်အသွေး ပေါင်းစပ်မှုဖြင့်၊ Honor 7X ရှိ Honor မျက်နှာပြင်အပြည့် ပြသမှုက သင့်အား အလွန်တရာ အံအားသင့်စေသော၊ သုံးဖက်မြင် ရုပ်လုံးကြွ အမြင်အာရုံခံစားမှုကို ပေးစွမ်းပါသည်။

5.93-လက်မ
2160x1080

ကြီးမားသော မျက်နှာပြင်၊ ကျစ်လျစ်သော ကိုယ်ထည်

Honor 7X ကို 5.93 လက်မ မျက်နှာပြင်တစ်ခုအပြင် အလွန်တရာ ကျစ်လစ်ကြော့မော့သော ကိုယ်ထည်တစ်ခုဖြင့် ထုတ်လုပ်ထားသည်။ ၎င်း၏ အရွယ်အစားနှင့် ကွေးညွတ်ထားသော ကိုယ်ထည်ဘောင်ကြောင့် သင့်လက်ထဲတွင် သက်သောင့်သက်သာစွာဖြင့် အံဝင်ခွင်ကျ ကိုင်ဆောင်နိုင်ပါသည်။

အများတကာထက်သာလွန်သော ဂိမ်းကစားသည့် အတွေ့အကြုံကို ရယူပါ

ဂိမ်းကစားပွဲများတွင် ဦးဆောင်လိုက်ပါ။ Honor 7X ၏ 18:9 မျက်နှာပြင်သည် ရိုးရိုး 16:9 မျက်နှာပြင်ထက် နေရာပို၍ပံ့ပိုးပေးသောကြောင့် အခြားဂိမ်းကစားသူများထက် ပိုကျယ်ပြန့်သော မြင်ကွင်းကို ရရှိစေပါသည်။ 4

တစ်ချက်နှိပ် မျက်နှာပြင်ခွဲထွက်မှု,
တစ်ချိန်တည်းမှာပင် နောက်ထပ်ပျော်ရွှင်စရာများ ပေးစွမ်းမှု 5

သူငယ်ချင်းများအား အမှီလိုက်ပြီး တစ်ချိန်တည်းမှာပင် ဗီဒီယိုများကို ကြည့်ပါ။

တစ်ချက်နှိပ် မျက်နှာပြင်ခွဲထွက်မှု ဆောင်ရွက်ချက်သည် လုပ်ဆောင်ချက်များစွာကို ပိုမိုမြန်ဆန်စွာ စီမံခန့်ခွဲနိုင်စေသည်။ Whatsapp မက်ဆေ့ခ်ျများကို ကြည့်ပါ၊ နောက်ဆုံးရသတင်းများအား အချိန်နှင့်တပြေးညီရယူပြီး အင်တာနက် အသုံးပြုမှုအားလုံးကို မျက်နှာပြင်တစ်ခုတည်းပေါ်တွင် ကြည့်ရှုပါ။

သတ္တုဖြင့်ပြုလုပ်ထားသော ဂန္တဝင်မြောက် ဒီဇိုင်း, စတိုင်ကျ၍ ခေတ်ဆန်ကြော့မော့မှု

Honor 7X ၏ သတ္တုဖြင့် ပြုလုပ်ထားသော ဂန္တဝင်မြောက် ဒီဇိုင်းအပြင် ပြီးပြည့်စုံစွာ ကွေးထားသည့် ထောင့်စွန်းများကြောင့် ကိုင်ထားသည့်အခါ ပျော်ရွှင်မှုကို ပေးစွမ်းသည်။ 2.5D မှန်မျက်နှာပြင်သည် အလူမီနီယံအောက်ခံကိုယ်ထည်အတွင်းသို့ စပ်ကြောင်းမရှိ ပြေပြစ်စွာ ဝင်ရောက်သွားပါသည်။ Honor 7X ကို အပြာရောင်၊ ရွှေရောင်နှင့် အနက်ရောင်တို့ဖြင့် ရရှိနိုင်ပါသည်။

2.5D မှန်
သတ္တုဖြင့်ပြုလုပ်ထားမှု

ယှဉ်တွဲ-မှန်ဘီလူး ကင်မရာ,
ပေါ်ထွက်ပြသသည့် ပုံများ

ယှဉ်တွဲမှန်ဘီလူး 16 MP + 2 MP အနောက်ကင်မရာသည် ငုပ်လျှိုးနေသော သင်၏ ဓာတ်ပုံဆရာစိတ်ကို လှုံ့ဆော်ပေးလျက် ဘဝ၏ ဆန်းကြယ်သော အခိုက်အတန့်လေးများကို အကောင်းမွန်ဆုံးအရည်အသွေးဖြင့် ဖမ်းယူရိုက်ကူးပေးသည်။

အသစ်စက်စက် အလှပုံမုဒ်ကိုသုံး၍ ပညာရှင်ဆန်ပြီး လက်ရာမြောက်သော ပုံကို တစ်ချက်တည်းဖြင့် ရိုက်ကူးနိုင်သည်။

PDAF နည်းပညာနှင့် အပ်ဒိတ်လုပ်ထားသည့် ဆောင်ရွက်ပုံနည်းစနစ်ကြောင့် အလွန့်အလွန်မြန်ဆန်သော ဖိုးကပ်စ်ချိန်ရန်အချိန်များကို Honor 7X တွင် ရရှိနိုင်သည်။ မြန်ဆန်သည့် လျှပ်တပြက်ရိုက်ချက်များကို ရိုက်ယူပါ၊ တစ်ကြိမ်သာဖြစ်ပွားမည့် အခိုက်အတန့်လေးကို ဘယ်တော့မှ လက်မလွတ်ပါစေနှင့်။

ယှဉ်တွဲ-မှန်ဘီလူး ကင်မရာ
အလှပုံမုဒ်
အလှပုံမုဒ်

ဆဲလ်ဖီပုံများကို တစ်ခါမ
ျ မကြုံစဖူး ပိုမိုပျော်ရွှင်စွာ ရိုက်ကူးနိုင်ပါတော့မည်

8 MP အရှေ့ကင်မရာတွင် အထူးပြုလုပ်ချက်များ ပါဝင်သောကြောင့် သင့်ဆဲလ်ဖီပုံများကို လူအများကြားတွင် ထင်ရှားနေစေရန် အထောက်အကူပြုပါသည်။

လက်ဟန်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် ဆောင်ရွက်ချက်အသစ် ပါရှိသည့်အတွက် ဆဲလ်ဖီပုံရိုက်ဖို့ အချိန်ရေတွက်မှုကို စတင်စေရန် ကင်မရာရှေ့တွင် သင့်လက်ဖဝါးကိုသာ ပြသရန် လိုပါသည်။

ပြီးပြည့်စုံသော ဆဲလ်ဖီပုံ
အထူးပြုလုပ်ချက်များ
လက်ဟန်အမူအရာဖြင့် ထိန်းချုပ်မှု

မြန်ဆန်မှု

အာမခံထားသည့် အလွန်မြန်နှုန်းမြင့်သည့် စွမ်းဆောင်ရည်ကိုပေးစွမ်းရန် 4 GB RAM၊ 2.36 GHz Octa-core Kirin 659 ပရိုဆက်ဆာနှင့် EMUI 5.1။ အက်ပ်များကို တပြိုင်နက်တည်း ဖွင့်ထားသည့်တိုင် ဖုန်းသည် ချောမော၍ ချွတ်ယွင်းချက်ကင်းစွာ အမြဲတမ်း ဆောင်ရွက်ပါသည်။ အထူး ကောင်းမွန်အောင်ဆောင်ရွက်ခြင်းနှင့် ဖိုင်စီမံခန့်ခွဲမှု အင်္ဂါရပ်များက Android ကို အသုံးပြုရာတွင် နှေးနေခြင်းကို လျော့ပါးစေပါသည်။

4GB RAM
Octa-Core ပရိုဆက်ဆာ
64 GB သိုလှောင်မှု
Android 7.0 ကို အခြေခံထားသည်

ကြာရှည်ခံခြင်း

*6 16 nm Kirin 659 ချစ်ပ်အစုံကိုအသုံးပြုထားသည့် 3,340 mAh (ပျမ်းမျှ) ဘက်ထရီနှင့် ပါဝါချွေတာရေး နည်းပညာကြောင့် တစ်ကြိမ်တည်းအားသွင်းထားရုံဖြင့် တစ်နေ့လုံးစာထက်မကပင် အသုံးပြုနိုင်ပါသည်။ အထူး ပါဝါချွေတာရေးစနစ်က ဘက်ထရီသက်တမ်းကို ပို၍ပင်ကြာရှည်ခံစေသည့်အတွက် သင်သည် အွန်လိုင်းနှင့် အမြဲချိတ်ဆက် အသုံးပြုနိုင်သည်။

အလွယ်တကူ လွှဲပြောင်းနိုင်မှု

ဖုန်းပွားပေးသည့်အက်ပ်က သင့် Honor 7X အသစ်သို့ ဒေတာပြောင်းရွှေ့မှုကို အလွယ်လေးဖြစ်အောင် ပြုလုပ်ပေးပါသည်။ QR ကုဒ်တစ်ခုကို တစ်ချက်စကန်ဖတ်ရုံဖြင့် သင်၏ အဖိုးတန်သော ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုနှင့် ဒေတာ အားလုံးကို သင့်စက်အဟောင်းမှ ချောမောပြေပြစ်စွာ လွှဲပြောင်းပါမည်။

  • 1,2."16 MP" ဆိုသည်မှာ အမြင့်ဆုံးသော ပုံရိပ်ကြည်လင်ပြတ်သားမှုကို ရည်ညွှန်းပါသည်။ အနောက်ကင်မရာသည် 16 MP + 2 MP ယှဉ်တွဲမှန်ဘီလူး ကင်မရာဖြစ်ပါသည်။
  • 3.ဒေတာများသည် Honor ၏ ဓာတ်ခွဲခန်းစမ်းသပ်ချက်များအပေါ် အခြေခံထားပါသည်။ လော့ခ်ဖြည်သည့်ကြာချိန်သည် ဖုန်းသုံးစွဲမှု အခြေအနေနှင့် ၎င်းအားအသုံးပြုသည့် အနေအထားတို့ပေါ်တွင် မူတည်၍ ကွဲပြားနိုင်ပါသည်။
  • 4.ရလဒ်များသည် ဂိမ်းအပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • 5.မျက်နှာပြင် ခွဲထုတ်မှု လုပ်ဆောင်ချက်ကိုသုံးရန် အပလီကေးရှင်း၏ ပံ့ပိုးမှု လိုအပ်ပါသည်။
  • 6.ဒေတာများသည် Honor ၏ ဓာတ်ခွဲခန်းစမ်းသပ်ချက်များအပေါ် အခြေခံထားပါသည်။

ကြေညာချက်

*အထက်ပါစာမျက်နှာများရှိ ထုတ်ကုန်ပစ္စည်းပုံများနှင့် ပြသထားသည့် အကြောင်းအရာများသည် ကိုးကားရန်အတွက်သာ ပံ့ပိုးထားခြင်းဖြစ်ပါသည်။ တကယ့်ထုတ်ကုန်၏ အင်္ဂါရပ်များနှင့် အသေးစိတ်အချက်များ (အသွင်အပြင်၊ အရောင်နှင့် အရွယ်အစားတို့ ကန့်သတ်ချက်မရှိ အပါအဝင်) အပြင် တကယ်ပြသထားသော အရာများ (နောက်ခံများ၊ UI နှင့် အိုင်ကွန်များ ကန့်သတ်ချက်မရှိ အပါအဝင်) သည် ကွဲပြားနိုင်ပါသည်။

**အထက်ပါစာမျက်နှာများရှိ ဒေတာအားလုံးသည် သီးသန့်အခြေအနေများအောက်တွင် ဆောင်ရွက်ထားသည့် စမ်းသပ်ချက်များမှတစ်ဆင့် HUAWEI ရုံးတွင်း ဓာတ်ခွဲခန်းများမှ ရရှိထားသည့် သဘောတရားအရ တန်ဖိုးသတ်မှတ်မှုများဖြစ်ပါသည်။ ဒေတာအစစ်အမှန်သည် သီးခြားထုတ်ကုန်ပစ္စည်းများ၊ ဆော့ဖ်ဝဲ ဗားရှင်းများ၊ အပလီကေးရှင်း အခြေအနေများနှင့် ပတ်ဝန်းကျင်အခြေအနေ ကွာခြားချက်များအရ ကွဲပြားနိုင်ပါသည်။ ဒေတာအားလုံးသည် အမှန်တကယ်သုံးစွဲမှုအပေါ် မူတည်ပါသည်။

***ထုတ်ကုန်အတွဲများ၊ ကုန်ထုတ်လုပ်မှုနှင့် ပံ့ပိုးမှုဆိုင်ရာ အကြောင်းအချက်များ အပါအဝင် အချိန်နှင့်တပြေးညီပြောင်းလဲမှုများကြောင့် တိကျမှန်ကန်သော ထုတ်ကုန်အချက်အလက်၊ အသေးစိတ်အချက်များနှင့် အင်္ဂါရပ်များကို ပံ့ပိုးရန်အတွက် HUAWEI သည် အထက်ပါ အချက်အလက်စာမျက်နှာများရှိ စာသားဖော်ပြချက်များနှင့် ပုံများအား အချိန်နှင့်တပြေးညီ ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ပါမည်၊ သို့မှသာ ၎င်းတို့သည် ထုတ်ကုန်အစစ်အမှန်၏ ထုတ်ကုန်လုပ်ငန်းဆောင်ရွက်ချက်၊ အသေးစိတ်သတ်မှတ်ချက်များ၊ အညွှန်းများနှင့် အစိတ်အပိုင်းများနှင့် ကိုက်ညီနိုင်မည် ဖြစ်ပါသည်။ ကြိုတင် အသိပေးခြင်းမရှိဘဲ ထုတ်ကုန် အချက်အလက်များသည် ထိုပြောင်းလဲမှုများနှင့် ပြင်ဆင်ချက်များအတိုင်း ဖြစ်သွားနိုင်ပါသည်။