Honor 6X

ယှဉ်တွဲမှန်ဘီလူးတပ် ပဉ္စလက်ကင်မရာ
– ပါဝါနှစ်ဆ
• 12MP + 2MP ရှိ ဒွိစုံ မှန်ဘီလူးတပ် အနောက်ကင်မရာသည် ငုပ်လျိုးနေသော သင့်ကင်မရာမန်းစိတ်ကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ပဉ္စလက်ဆန်သည့် ဘဝအခိုက်အတန့်များကို ဖမ်းယူရိုက်ကူးပေးပါသည်။

• Honor ၏ (F/0.95-F/16) ကျယ်သည် သည် ရုပ်ထွက်တွင် ဆုကြေးစားအဆင့် နောက်ခံမှုန်ဝါးသည့် အထူးပြုလုပ်ချက်လိုအပ်ခြင်းရှိမရှိကို ဆုံးဖြတ်ပေးပါသည်။
• ဆုံချက်ကို 0.3 စက္ကန့်နှင့် ချိန်ပေးမှု၊ အဆင့်အလိုက် အလိုအလျောက်ချိန်ညှိမှုနှင့်အတူ SONY IMX386 အာရုံခံကိရိယာ ပါရှိမှုတို့ကြောင့် အကောင်းဆုံးပုံရိုက်ကူးနိုင်ခွင့်ကို သင်ဆုံးရှုံးရတော့မည် မဟုတ်ပါ။


• 1.25µm ပစ်ဇယ်သီးသန့်နည်းပညာသုံးထားမှုတို့ကြောင့် နောက်ဆုံးပေါ်အရောင်အရည်အသွေး၊ ကြည်လင်ပြတ်သားမှုနှင့် အနှောင့်အယှက်လျှော့ချပေးမှုတို့ကို ပံ့ပိုးပေးသည်။ ထိပ်တန်းဖုန်းများမှသာ ရရှိနိုင်မည့် ရုပ်ပုံအရည်အသွေးနှင့် ပါဝါတို့ကို ဓာတ်ပုံဝါသနာအိုးများအား ပေးအပ်ပါသည်။
• 8MP ရှေ့ကင်မရာတွင် 77° ကျယ်သည့် မှန်ဘီလူးနှင့် Prim ISP ပါရှိသည်။ အသားအရောင်ကို အော်တိုချိန်ညှိပေးမှု၊ ပုံတူအော်တိုထုတ်ပေးသည့် ဆော့ဖ်ဝဲပါရှိမှုတို့ကိုသာ ပေါင်းထည့်လိုက်မည်ဆိုပါက ခါတိုင်းနှင့်မတူဘဲ ပိုထူးခြားသော ဆယ်လ်ဖီပုံကိုရရှိပါမည်။



• ကာလာဖျောက် အင်္ဂါရပ်သည် မိုနိုခရုမ်းပုံများတွင် လက်ရာမြောက်အထူးပြုလုပ်ချက်များကို ပေးစွမ်းနိုင်စေရန် သီးခြားအရောင်များကို ခွဲထုတ်ပေးပါသည်။



အချိန်တိုင်း ချောမွေ့မှုကိုပေးမည့် အသုံးပြုသူအတွေ့အကြုံ
• Kirin 655 octa-core CPU(16nm) နှင့် 4GB RAM* တို့၏ ပံ့ပိုးမှုတွင် Smart File System ကို ပေါင်းထည့်ထားသော Honor 6X သည် အပြတ်အတောက်မရှိဘဲ ဂိမ်းကစားနိုင်ရန်၊ ဝဘ်စာမျက်နှာများကို ဖွင့်ကြည့်နိုင်ရန်၊ သီချင်းနားထောင်ရန် (သို့) အက်ပ်များကို တပြိုင်တည်း ဖွင့်သုံးနိုင်ရန် ခွင့်ပြုပေးသည့် အားကောင်းသော ထိပ်တန်းနည်းပညာတစ်ရပ်ဖြစ်ပါသည်။
• မှတ်ဉာဏ် 64GB နှင့် နေရာလွတ် 128GB ရှိသော SD ကတ်တို့၏ ပေါင်းစပ်မှုသည် သင့်သီချင်း၊ ဗီဓီယိုနှင့် ဓာတ်ပုံများစွာအား သိုလှောင်နိုင်စွမ်းကို ပံ့ပိုးပေးပါသည်။




ဘက်ထရီကြာရှည်ခံမှု
– အလွန်တာရှည်ခံမှု
• Honor ၏ သိပ်သည်းမှုမြင့်မားသည့် 3340 mAh (ပုံမှန်) ဘက်ထရီသည် ဘက်ထရီအစွမ်းကို 11% မြှင့်ပေးသဖြင့် ဂိမ်းကစားရာတွင် နှာတစ်ဖျားပိုသာစေပါသည်။
• Honor ကို အားအပြည့်သွင်းပြီး သုံးမည်ဆိုပါက 2.15* ရက်သုံးနိုင်ပြီး တရကြမ်းသုံးပါက 1.5* သုံးနိုင်ပါသည်။ 5V/2A ဖြင့် အမြန်အားသွင်းသည့် နည်းပညာသည် သင့် Honor ဖုန်းကို အမြန်ဆုံးအားပြည့်စေပါသည်။
• အလားအလာများမှာ ဆုံးရန်မရှိပါ။ အားတစ်ခါသွင်းပြီးပါက ဗီဒီယိုကြည့်လျှင် 11.5 နာရီ၊ သီချင်းနားထောင်လျှင် နာရီ ၇၀ (သို့) အထွေထွေသုံးခြင်း၊ ဂိမ်းကစားခြင်းများအတွက် 8 နာရီသုံးနိုင်ပါမည်။



ချောမွတ်တောက်ပြောင်သော ခေတ်ပေါ်ဒီဇိုင်း
• Honor သည် အမြင်လည်းလှပါသည် ၎င်း၏ စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ဒီဇိုင်း၊ ပြေပြစ်သည့် အဝေ့အဝိုက်၊ အထူ 8.2mm သာရှိသည့် သတ္ထုကိုယ်ထည်အနောက်နှင့် 2.5D ခုံးထားသည့် အဆင့်မြင့်ဖန်သားပြင်အထိအတွေ့ကို မည်သူမှ သတိမပြုမိဘဲနေမည်မဟုတ်ပါ။









အံ့ဖွယ် ကြည့်ရှုမှုအတွေ့အကြုံ
• Honor ၏ အထူ 5.5 လက်မရှိသည့် Full HD (1920*1080p) နေရောင်ခံ ဖန်သားပြင်သည် တောက်ပမှုကို 450nit အထိ၊ PPI ကို 403 အထိမြှင့်ပေးနိုင်သောကြောင့် နေရောင်တိုက်ရိုက်ကျသည့် နေရာဖြစ်စေကာမူ ကြည်လင်ပြတ်သားမှုကိုပေးသည်။ အဆင့်အမြင့်ဆုံးကြည့်ရှုမှုအတွေ့အကြုံကို သင့်အားပံ့ပိုးပေးပါသည်။

• မျက်စိအေးစေသည့်မုဒ်ပါရှိမှုသည် အလင်းပြာကိုစစ်ထုတ်ပေးသည့်အပြင် စခရင်ကြည့်ရှုမှုကြောင့် ဖြစ်ရသည့် မျက်စိညောင်းမှုကိုလျော့ပါးစေပါသည်။
• ချောမွတ်တောက်ပြောင်သည့် အဆင့်မြင့်ဖန်ကိုယ်ထည်သည် တာရှည်ခံပြီး ခြစ်ရာမထင်ဘဲ သင့်ဖုန်းအလှကို တာရှည်ထိန်းသိမ်းပေးပါသည်။



ထိတွေ့မှုကို တုံ့ပြန်ပါသည်
• လက်ဗွေစကင်နာ တတိယမျိုးဆက်သည် သင့်ဖုန်းကို လက်ချောင်းဖြင့် တစ်ချက်ထိလိုက်ရုံဖြင့် 0.3 စက္ကန့်အတွင်း သော့ဖွင့်ပေးပါသည်။
• ဓာတ်ပုံအယ်လ်ဘမ်ကိုကြည့်လိုပါက ဘယ်ညာပွတ်ဆွဲခြင်း၊ ကြာကြာဖိလိုက်ပါက နှိုးစက်နာရီကိုပိတ်ပေးခြင်း များဖြင့် အထိအတွေ့တုံ့ပြန်ချက်များကို ဘုံသုံးနိုင်အောင် လုပ်ပေးခြင်းသည် သင့်ဘဝကို ပိုမိုလွယ်ကူသွားစေပါမည်။ လက်ချောင်းတစ်ချက်ပုတ်ရုံဖြင့် ခေါ်ဆိုမှုပြုပါ (သို့) ဆယ်လ်ဖီဆွဲပါ။



ပြီးပြည့်စုံသည့် အသုံးပြုသူ အင်တာဖေ့စ် EMUI 4.1
• အဆင့်မြင့်အသုံးပြုသူအင်တာဖေ့စ် EMUI 4.1 သည် စခရင်ခွဲပေးမှု၊ ခေါ်ဆိုမှုဆိုင်ရာ တုံ့ပြန်မှုစသည့် လုပ်ဆောင်ချက်များဖြင့် အားကောင်းပြီး အဆင်ပြေကာ ပညာသားပါသည့် လုပ်ဆောင်ချက်များကို သင့်ထံ ဆောင်ကျဉ်းပေးလာပါသည်။


အရည်အသွေးမြင့်ပြီး ယုံကြည်အားထားရသည်
• Honor သည် ၎င်း၏ အစိတ်အပိုင်းများကိုရွေးချယ်မှုနှင့် ထုတ်ကုန်စမ်းသပ်မှုလုပ်ငန်းစဉ်များတွင် အဆင့်အမြင့်ဆုံးစံချိန်စံညွှန်းများကို လိုက်နာကာ ထုတ်ကုန်အရည်အသွေးတက်အောင် အစဉ်ကြံဆလျှက်ရှိပါသည်။
• ကျွန်ုပ်တို့၏ ပစ္စည်းအစိတ်အပိုင်းများကို အဆင့်အမြင့်ဆုံးကုန်အမှတ်တံဆိပ်များနှင့် လက်တွဲလုပ်ကိုင်နေသည့် ယုံကြည်အားထားရသော ထုတ်လုပ်သူများထံမှ ရယူပါသည်။
* RAM နှင့် မှတ်ဉာဏ်အရွယ်သည် နိုင်ငံအလိုက် အသုံးပြုနိုင်သည့် မော်ဒယ်များကိုလိုက်၍ ကွဲပြားနိုင်သည်။ သတင်းအချက်အလက်များကို ရယူလိုပါက ဒေသတွင်း ဝဘ်ဆိုက်တွင် ကြည့်ပါ။
* ဓာတ်ခွဲခန်းအဖြေအပေါ် အခြေခံသည့် ဒေတာများ။ ဘက်ထရီသက်တမ်းသည် အသုံးပြုမှုပုံစံနှင့် ကွန်ရက်အခြေအနေအလိုက် ကွဲပြားနိုင်ပါသည်။