TOP

HONOR News Myanmar
MM သတင်း HONOR 7A ကို ဘာကြောင့် ၀ယ်သင့်သလဲ?
July 10, 2018

HONOR 7A ကို ဘာကြောင့် ၀ယ်သင့်သလဲ?

HONOR က Huawei ရဲ့ အွန်လိုင်းကပဲ သီးသန့်ရောင်းချတဲ့ဖုန်းအမှတ်တံဆိပ် ဖြစ်ပါတယ်။ HONOR ဖုန်းတွေကို ပြည်တွင်းဈေးကွက်သို့ တရားဝင် သွင်းလာတာ မကြာသေးပေမယ့် ကာလတိုအတွင်းမှာပဲ ဈေးကွက်မှာ ခြေကုပ်ရယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ HONOR ဖုန်းတွေဟာ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ ဘယ်ဈေးကွက်ကိုပဲ ၀င်ရောက်ဝင်ရောက် အချိန်တိုအတွင်း နေရာတစ်နေရာ အခိုင်အမာ ရယူနေတဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။

HONOR ဖုန်းတွေက ဘာကြောင့် ကာလတိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနေကြသလဲ? အဖြေက အင်မတန် လွယ်ကူရိုးစင်းပါတယ်။ အရည်အသွေးကောင်းတဲ့ဖုန်းတွေကို ချိုသာတဲ့ဈေးနှုန်းနှင့် ရောင်းချလို့ ဖြစ်ပါတယ်။

HONOR တို့ ပြည်တွင်းဈေးကွက်မှာ ဖုန်းတွေ အများကြီး ရောင်းချထားပြီးဖြစ်ပါတယ်။ HONOR က ပြည်တွင်းမှာ ရောင်းချနေတဲ့ဖုန်းတွေကို ကြည့်လိုက်ရင် HONOR 7A ၊ HONOR 7C ၊ HONOR 9 Lite ၊ HONOR View 10 ၊ HONOR 7X ၊ HONOR V9 Play ၊ HONOR 6X ၊ HONOR Holly 6 တို့ကို တွေ့ရပါမယ်။ ဖုန်းတိုင်းက အရည်အသွေးကောင်းသလောက် ဈေးနှုန်းက သက်သာပါတယ်။

အခု ကျွန်တော်တို့ inmya.com က HONOR က ရောင်းချနေတဲ့ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေတဲ့ HONOR 7A ကို ဘာကြောင့် ၀ယ်ယူသင့်သလဲဆိုတာ ဖော်ပြသွားပါတယ်။

HONOR 7A ဆိုသည်မှာ

HONOR 7A ကို တရုတ်ပြည်မှာ ကြေညာခဲ့တာ ဧပြီလတုန်းက ဖြစ်ပါတယ်။ HONOR 7A က မျက်နှာပြင် ၅.၇ လက်မရှိပြီး IPS LCD 720x1440 px ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ 18:9 FullView Display သုံးထားပါတယ်။ အခြား HONOR နှင့် Huawei ဖုန်းအများစုလို Kirin 659 ကို မသုံးထားပါဘူး။ Qualcomm Snapdragon 430 SoC နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM3GB နှင့် Storage 32GB ပါဝင်ပါတယ်။ microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါတယ်။

ကျောဘက်ကင်မရာနှစ်လုံးက 13MP+2MP ဖြစ်ပြီး ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ Android 8.0 Oreo  အခြေခံ EMUI 8.0 သုံးထားပါတယ်။

အကြောင်းပြချက် (၁) ဈေးနှုန်း

HONOR 7A ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၁၇၉၀၀၀ ဖြစ်ပါတယ်။ FullView 18:9 မျက်နှာပြင်၊ ကျောဘက်ကင်မရာနှစ်လုံးပါဝင်တဲ့ဖုန်းတစ်လုံးအတွက် ၂ သိန်းမပြည့်တဲ့ ပမာဏသုံးရတာ အင်မတန် တန်လွန်းအားကြီးပါတယ်။

အကြောင်းပြချက် (၂) ကျောဘက်ကင်မရာနှစ်လုံး

မျက်မှောက်ခေတ် စမတ်ဖုန်းဈေးကွက်မှာ ကျောဘက်ကင်မရာနှစ်လုံးပါဝင်တဲ့ဖုန်းအများကြီး ရှိပါတယ်။ HONOR 7A မှာ ကျောဘက်ကင်မရာနှစ်လုံးက 13MP+2MP ဖြစ်ပါတယ်။ ဒုတိယကင်မရာဆင်ဆာကြောင့် Portrait Mode ရိုက်ကူးနိုင်ပါမယ်။ ပြည်တွင်းဈေးကွက်မှာ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး တန်ဖိုးသင့်တင့်တဲ့ဖုန်းတွေ အများကြီးပါ။ ဒါပေမယ့် HONOR 7A က ယင်းဖုန်းတွေထက် ပိုပြီးတော့ ဈေးနှုန်း သက်သာနေတာ တွေ့ရပါမယ်။

အကြောင်းပြချက် (၃) Perfect Selfie

HONOR 7A မှာ ရှေ့ကင်မရာ 8MP f/2.2 သုံးထားပါတယ်။ Selfie Toning Light ပါဝင်ပါတယ်။ ဒီစနစ်ကြောင့် အလင်းရောင်အားနည်းချိန်မှာ Selfie ရိုက်ကူးလို့ ချစ်စရာကောင်းတဲ့ Selfie မရရှိမှာကို စိုးရိမ်ပူပန်နေစရာ မရှိပါဘူး။ အသုံးပြုနိုင်တဲ့စနစ်တွေကလည်း အများကြီးထည့်သွင်းပေးထားပါသေးတယ်။ ဒါကြောင့် Selfie ချစ်သူများအနေဖြင့် ဘယ်အချိန်၊ ဘယ်နေရာမျိုးမှာမဆို ပြီးပြည့်စုံတဲ့ Selfie ဓာတ်ပုံတွေ ရိုက်ကုးနိုင်ပါမယ်။

အကြောင်းပြချက် (၄) FullView Display

စမတ်ဖုန်းအသုံးပြုသူများစုက ဂိမ်းကစားတယ်။ ရုပ်ရှင်ကြည့်တယ်။ ဆိုရှယ်မီဒီယာတွေ သုံးကြပါတယ်။ အဲဒါတွေ အားလုံးကို HONOR 7A ဖြင့် အဆင်ပြေပြေနှင့် လုပ်ဆောင်နိုင်ပါတယ်။ HONOR 7A က မျက်နှာပြင် ၅.၇ လက်မရှိပြီး FullView Display 18:9 သုံးထားပါတယ်။ လက်တစ်ဖက်တည်းနှင့် လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့် အသုံးပြုရတာ သက်တောင့်သက်သာ ရှိပါတယ်။ ရုပ်ထွက်ကလည်း 720 p သုံးထားတာကြောင့် ဂိမ်းကစားဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့အတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေချောမွေ့ပါတယ်။

အကြောင်းပြချက် (၅) ဒီဇိုင်း

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုတာ ပထမဆုံး လူတွေ ကြည့်ကြတာ ဒီဇိုင်းပိုင်းပဲ ဖြစ်ပါတယ်။ လူတိုင်းက ဒီဇိုင်းလှတဲ့ဖုန်းပဲ လိုချင်ပါတယ်။ HONOR 7A က ဈေးနှုန်းသာတဲ့အပြင် ဒီဇိုင်းပိုင်းလည်း အင်မတန်ကောင်းမွန်ပါတယ်။ ဖုန်းတည်ဆောက်ပုံကလည်း လှပပါတယ်။ ဖုန်းကိုယ်ထည်ကို အလူမီနီယမ်နှင့် တည်ဆောက်ထားတာကြောင့် အလွန်ခန့်ညားပါတယ်။ ဖုန်းထောင့်များကို လုံးထားတာကြောင့် ယုံကြည်မှု ရှိရှိ ဆုပ်ကိုင်ထားနိုင်ပါမယ်။

အကြောင်းပြချက် (၆) Killer Performance

HONOR 7A ကို Qualcomm Snapdragon 430 Octa-core Processor နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Adreno 505 GPU ပါဝင်ပါတယ်။ တန်ဖိုးသင့်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ Chipset တွေထဲမှာ အကောင်းဆုံးစာရင်းဝင် Chipset ဖြစ်ပါတယ်။ ဂိမ်းများစွာကို ကစားနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားပါတယ်။ RAM3GB လည်း သုံးထားတာကြောင့် ဂိမ်းပဲ ကစားကစား၊ အင်တာနက်စာမျက်နှာတွေပဲ အများကြီး ဖွင့်ဖွင့် အထစ်အငေါ့ မရှိ သုံးနိုင်ပါမယ်။ EMUI 8.0 OS ကိုလည်း လိုက်ဖက်ညီစွာ ဖန်တီးထားတာကြောင့် ဖုန်းအသုံးပြုမှုကို ညက်ညောစွာ လုပ်ဆောင်နိုင်ပါမယ်။ EMUI 8.0 မှာလည်း Navigator Dock ၊ Three-Finger Screenshoot ၊ One-Clip Split နှင့် iWare 2.0 တို့လို အသုံးပြုနိုင်တဲ့စနစ်တွေ အများကြီးပါဝင်ပါတယ်။

အကြောင်းပြချက် (၇) စတီရီယိုစပီကာများ

HONOR 7A က တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အလယ်အလတ်တန်းဖုန်းဗားရှင်းတောင် မဟုတ်ပါဘူး။ ဒါပေမယ့် HONOR 7A မှာ စတီရီယိုစပီကာများနှင့် SMART PA Amplifier သုံးထားပါတယ်။ ဒီပေါင်းစပ်မှုကြောင့် အသံကျယ်လောင်မှု 88dB အထိ ကျယ်လောင်တဲ့အသံကို ရရှိစေပါတယ်။ အသုံးပြုသူများအနေဖြင့် Party Mode ကို အသုံးပြုကာ အခြား HONOR 7A ဖုန်း ၈ လုံးနှင့် ချိတ်ဆက်ပြီး Surround-Sound ကို ဖန်တီးနိုင်ပါသေးတယ်။

အကြောင်းပြချက် (၈) Triple-card Slot

မျက်မှောက်ခေတ်ဖုန်းအများစုမှာ Hybrid Slot စနစ်ကို အသုံးပြုကြပါတယ်။ အသုံးပြုသူများအနေဖြင့် SIM ကတ်နှစ်ကတ်သုံးနိုင်ပါမယ်။ ဒါပေမယ့် microSD ကနေ Memory ထပ်သုံးလို့မရတော့ပါဘူး။ HONOR 7A မှာတော့ Triple-card Slot သုံးထားပါတယ်။ အသုံးပြုသူများအနေဖြင့် SIM ကတ်နှစ်ကတ် အသုံးပြုနိုင်မယ့် အပြင် microSD ပါ သုံးနိုင်ပါသေးတယ်။ microSD ကနေ 256GB အထိ တိုးမြှင့် အသုံးပြုနိုင်ပါတယ်။

အကြောင်းပြချက် (၉) Face Unlock

HONOR 7A မှာ ဖုန်းလုံခြုံရေးအတွက် ကျောဘက်မှာ လက်ဗွေရာစနစ် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Face Unlock လည်း ထည့်သွင်းပေးထားပါတယ်။ အသုံးပြုသူများအနေဖြင့် ဖုန်းကို ကိုယ့်ရှေ့မှာထားလိုက်ရုံဖြင့် ဖုန်းဖွင့်နိုင်ပါမယ်။

အကြောင်းပြချက် (၁၀) Dual Bluetooth

HONOR 7A မှာ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ Dual Bluetooth စပီကာ တစ်ပြိုင်နက်တည်း ချိတ်ဆက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Bluetooth စပီကာတွေ လူတိုင်း သုံးနေချိန်မှာ အခုလို Dual Bluetooth စနစ်ထည့်သွင်းလာမှုက အလွန်အဆင်ပြေစေပါတယ်။ HONOR 7A အသုံးပြုသူများအနေဖြင့် Bluetooth စပီကာနှစ်လုံးကို တစ်ပြိုင်နက်တည်း ချိတ်ဆက်ကာ အင်မတန်ကောင်းမွန်တဲ့ အသံကို ခံစားနိုင်ပါမယ်။ ဒါ့အပြင် HONOR 7A အသုံးပြုသူများအနေဖြင့် စမတ်နာရီ၊ စမတ်လက်ပတ်တို့နှင့် ချိတ်ဆက်ထားချိန်မှာလည်း Bluetooth စပီကာတစ်ခုနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါမယ်။ အခြားဖုန်းတွေမှာလို Bluetooth တစ်ခုကို ဖြုတ်ပြီး နောက်တစ်ခုနှင့် ချိတ်သုံးနေစရာ မလိုပါဘူး။

အကြောင်းပြချက် (၁၁) Ride Mode

ဒီစနစ်ကတော့ ကားမောင်းတဲ့သူတွေအတွက်ကော နယ်က ဆိုင်ကယ်မောင်းနေတဲ့သူတွေအတွက်ပါ အင်မတန် အသုံးဝင်တဲ့စနစ် ဖြစ်ပါတယ်။ Ride Mode ပါဝင်လာတာကြောင့် ကားပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ပဲ ဖြစ်ဖြစ် မောင်းနေစဉ်မှာ စိတ်အနှောင့်အယှက် ကင်းစွာ မောင်းနှင်နိုင်ပါမယ်။ ဖုန်းဝင်လာလို့ပဲဖြစ်ဖြစ်၊ Notification ကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်ရမှာ မဟုတ်ပါဘူး။

အကြောင်းပြချက် (၁၂) Super Saving Mode

HONOR 7A မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ ဘက်ထရီ 3000 mAh ဆိုတဲ့ ပမာဏက တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ ငါးခုမြောက်မျိုးဆက် Smart Battery ဆော့ဝဲလ်ပါဝင်လာတာပါ။ ဒီဆော့ဝဲလ်မှာ Super Power Saving စနစ်ပါဝင်လာပါတယ်။ ဒီစနစ်ကြောင့် တစ်ကြိမ် အားအပြည့်သွင်းထားသူများအနေဖြင့် ဖုန်းတော်တော်သုံးတယ်ဆိုရင်တောင် တစ်နေ့တာကို စိတ်သောက ကင်းစွာ ကျော်ဖြတ်နိုင်ပါမယ်။

Source From: inmya.com