TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း လှပသေသပ်တဲ့ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်များစွာပါဝင်လာတဲ့ HONOR Band 5
November 10, 2019

လှပသေသပ်တဲ့ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်များစွာပါဝင်လာတဲ့ HONOR Band 5

လှပသေသပ်တဲ့ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်များစွာပါဝင်လာတဲ့ HONOR Band 5

လူငယ်တွေကို ကိုယ်စားပြုပြီး ဆန်းသစ်တဲ့ ထုတ်ကုန်များစွာကို ထုတ်လုပ်နေတဲ့ HONOR ကတော့ သူရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ HONOR Band 5 ကို မြန်မာနိုင်ငံကို ယူဆောင်လာပါပြီ။

HONOR Band 5 ဟာဆိုရင် လူငယ်တွေအကြိုက်တွေ့စေမယ့် လှပသေသပ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာပါတယ်။ ဒီဇိုင်းပိုင်းသာမက သူရဲ့ လုပ်ဆောင်ချက်တွေဟာလည်း အံ့မခန်း များပြား လှပါတယ်။

HONOR အနေနဲ့ HONOR Band 5 နဲ့ HONOR Band 5 Sport edition ဆိုပြီး နှစ်မျိုး ထုတ် လုပ်ခဲ့တာပါ။ ပထမဆုံးအနေနဲ့ HONOR Band 5 ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပါမယ်။ HONOR Band 5 မှာဆိုရင် လှပသေသပ်တဲ့ 0.95” AMOLED မျက်နှာပြင်မှာ Touch Screen နဲ့ Home Key တပ်ဆင်ပေးထားပြီး HUAWEI TrueSeen 3.0 က ပံ့ပိုးပေးထားတဲ့ နှလုံးခုန်တိုင်းတာ စနစ်က သင့်ရဲ့ ၂၄ အပူနှုန်းစောင့်ကြည့်မှုကို ဖော်ပြပေးမှာပါ။ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်တွေမှာဆိုရင်လည်း သင့်ရဲ့ နှလုံးခုန်နှုန်း ဘယ်လောက်ရှိလဲဆိုတာဖော်ပြပေးနိုင်ပါတယ်။

အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီးမှတ်သားထားနိုင်တဲ့စနစ်ကလည်း သင့်ရဲ့အိပ်ချိန်ကို စောင့်ကြည့် စစ်ဆေးခြင်းနဲ့ အကဲဖြတ်ခြင်း၊ တိုးတက်မှုတွေကို အမြဲစောင့်ကြည့်နေမှာဖြစ်ပြီး ပိုကောင်းတဲ့ အိပ်စက် ခြင်း ကိုအထောက်အကူပြုချက်များကို ပေးသွားမယ်လို့ဆိုပါတယ်။

HONOR Band 5 တွင် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ် (၁၀) မျိုး အထိ အထောက်အပံပေးထားပြီး ရေးကူးပုံစံ အမျိုးမျိုးကိုလည်းပါဝင်တယ်လို့ သိရတယ်။ ဥပမာ ပြင်ပတွင်ပြေးခြင်း၊ အိမ်တွင်းအပြေးလေ့ကျင့်ခြင်း၊ ပြင်ပလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူး နေတဲ့အချိန်တွေမှာတောင် အသုံးပြုလို့ရမှာဖြစ်ပါတယ်။

HONOR Band 5 ဆိုရင် လှုပ်ရှားမှုအာရုံခံကိရိယာ ၆ ခုတပ်ဆင်ထားပြီး သာမန်ရေအနက် ၅၀ မီတာမှာလည်း (၁၀)မိနစ် အထိ ရေစိုခံအောင်လည်း ပြုလုပ်ပေးထားတယ်လို့ဆိုပါတယ်။ ဖုန်းအ၀င်ခေါ်ဆိုမှုနဲ့ ဖုန်းချတာတွေ၊ Notification နဲ့ Message တွေ ရောက်ရှိလာရင်လည်း ကြည်ရှုနိုင်မှာဖြစ်ပြီး ဖုန်းပျောက်နေချိန်မှာလည်း Bluetooth နဲ့ ချိတ်ဆက် ထားမယ်ဆိုရင် အလွယ်တကူရှာဖွေနိုင်မယ်လို့ သိရပါတယ်။

HONOR Band 5 ဘက်ထရီခံနိုင်အားက အိပ်စက်ခြင်းနဲ့ နှလုံးခုန်နှုန်းကိုစဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းတဲ့ စနစ်ကိုဖွင့်ထားမယ်ဆိုရင် ၆ ရက်အထိ အားမသွင်းဘဲ ၆ ရက် တိတိ အသုံးခံမှာဖြစ်ပြီး အိပ်စက်ခြင်းနဲ့ နှလုံးခုန်နှုန်းကိုစဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းတဲ့ စနစ်ကို ဖွင့်ထားမယ်ဆိုရင် ၁၄ ရက်ထိ အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

လှပသေသပ်တဲ့ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်များစွာပါဝင်လာတဲ့ HONOR Band 5

HONOR Band 5 Sport အကြောင်းလည်း ပြောပြပါဦးမယ်။ သူကတော့ POLO LED black and white Touch Screen မျက်နှာပြင်နဲ့ ထွက်ရှိလာပါတယ်။ သူ့မှာတော့ နှလုံးခုန်တိုင်းတာ တဲ့ စနစ်မပါတော့ဘဲ အိပ်ချိန်ကို စောင့်ကြည့်ပေးတဲ့စနစ်သာပါလာပါတော့တယ်။

လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်နဲ့ အားကစားပြုလုပ်တဲ့အချိန်တွေမှာဆိုရင် HONOR Band 5 Sport ကအထူးသင့်တော်ပြီး လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းတို့ပြုလုပ်တဲ့ အချိန်မှာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ HONOR Band 5 Sport ဟာဆိုရင် HONOR Band 5 အတိုင်း လှုပ်ရှားမှုအာရုံခံကိရိယာ ၆ ခုပါဝင်ခံပြီးရေစိုခံအောင်လည်း ပြုလုပ်ပေးထားပါတယ်။

HONOR Band 5 Sport ရဲ့ ဘက်ထရီ ခံနိုင်ရည်အားကတော့ ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင် အားမသွင်းဘဲ ၁၄ ရက်တိတိအသုံးခံမှာဖြစ်ပြီး Standby အသုံးပြုမယ်ဆိုရင်တော့ ၂၁ ရက် ထိအသုံးခံမှာပါ။

HONOR Band 5 နဲ့ HONOR Band 5 Sport တို့ကို နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး shop.com.mm တွင် စတင်ဝယ်ယူနိုင်ပြီး ဈေးနူန်းများအနေဖြင့် HONOR Band 5 ကို ၃၈,၉၀၀ ကျပ်၊ HONOR Band 5 Sport edition ကို ၂၃,၉၀၀ ကျပ်၊ ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။

Reference – Pyi Myanmar Journal