TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း လှပသေသပ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ HONOR Band 5
November 10, 2019

လှပသေသပ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ HONOR Band 5

လှပသေသပ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ HONOR Band 5

ပြီးခဲ့တဲ့ လက ထွက်ရှိခဲ့တဲ့ နောက်ဆုံးပေါ် HONOR Band 5 ကို အခုဆိုရင် မြန်မာနိုင်ငံဈေးကွက်ထဲမှာ စတင်ဝယ်ယူနိုင်နေပါပြီ။ ၎င်း HONOR Band 5 ထဲမှာ အရင်ထွက်ရှိထားတဲ့ HONOR Band 4 မှာ ပါရှိတဲ့ Key features တွေအကုန်လုံးကို ထည့်သွင်းပေးထားပြီး ပိုမိုစွမ်းအားပြည့်ဝတဲ့ ဘက်ထရီနဲ့ လုပ်ဆောင်ချက် တော်တော်များများအတွက် အသုံးဝင်တဲ့ tracking စနစ်တွေကိုလည်း ထည့် သွင်းပေးထားတာကိုလည်း တွေ့ရပါတယ်။ ၎င်းဟာ Affordable Smart band အမျိုးအစားဖြစ်ပြီး တန်ဖိုးနဲ့ထိုက်တန်တဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်တာကြောင့် ပေးရတဲ့ ဈေးနှုန်းနဲ့ သုံးစွဲရတာလည်း ထိုက်တန်ပါတယ်။

ဒီဇိုင်းပုံစံကိုကြည့်မယ်ဆိုရင် အရှေ့ဘက်မျက်နှာပြင်က 2.5D curved glass ဖုံးအုပ်ထားတဲ့ 0.95-inch AMOLED panel ဖြစ်ပြီး 240X120 ppi Touchscreen Display အမျိုးအစားပဲဖြစ်ပါတယ်။ မျက် နှာပြင်ရဲ့အလင်း ရောင်စွမ်းအားအတွက် Brightness setting ပါရှိလို့ စိတ်ကြိုက်ချိန်ဆ သတ်မှတ်ပေး ထားနိုင်ပါတယ်။ ပါဝါဖွင့်တာနဲ့ Watchface ကိုသွားဖို့အတွက်ကတော့ အောက်ဘက်မှာပါတဲ့ ခလုတ်လေးကိုလည်း အသုံးပြုနိုင်ပါတယ်။ ခလုတ်လေးရဲ့အပေါ်ဘက်မှာတော့ တစ်ချိန်လုံးတိုင်းတာ အချက်ပြပေးနိုင်တဲ့ basic heart rate tracker ပါရှိပါတယ်။ အရွယ်အစားသေးငယ်ပြီး Band ရဲ့ အလေးချိန်က 22.7g လောက်သာလေးတာကြောင့် ပတ်လို့ ပတ်ထားမှန်းတောင် သိသိသာသာ မခံစားရပါဘူး။

၎င်းရဲ့ လုပ်ဆောင်နိုင်တဲ့ Features တွေထဲမှာ အလွန်အသုံးဝင်တဲ့ Tracking feature လည်း ပါရှိပါတယ်။ ၎င်း feature က ပြေးခြင်း၊လမ်းလျှောက်ခြင်း၊ရေကူးခြင်း စတဲ့ မတူညီတဲ့ activities ၁၀ မျိုးကို အကောင်းဆုံး track လုပ်ပေးနိုင်ပြီး တိကျတဲ့ ရလဒ်တွေကို ပြသပေးနိုင်ပါတယ်။ ဖုန်း အ၀င်ခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်သလို ဖုန်းပြောတာတွေ၊ဖုန်းချတာတွေကိုလုပ်ဆောင်နိုင်ပြီး Message ၀င်တာပဲဖြစ်ဖြစ် ဖုန်းရဲ့အခြေအနေတွေတော်တော်များများကို အချိန်တိုင်း Noti ပြသပေးနေမှာပဲဖြစ်ပါ တယ်။ Phone finder function ပါရှိလို့ ချိတ်ဆက်ထားတဲ့ ဖုန်းကို Bluetooth ဧရိယာအတွင်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ရေစိုလည်း အနည်းငယ်ခံနိုင်ရည်ရှိပါတယ်။ အတိအကျပြော ရရင် သာမန် ရေအနက် ၅၀ မီတာမှာ အချိန် ၁၀ မိနစ်အထိ ရေစိုခံနိုင်ပါတယ်။ SpO2 Monitor2 for Everyone ဆိုတဲ့ SpO2 Monitor က သွေးထဲမှာရှိတဲ့ oxygen saturation levels ကိုတွက်ချက်တိုင်း တာပေးနိုင်ပါတယ်။ Fitness tracking ကိုစနစ်တကျလုပ်နေတဲ့သူတွေအ တွက် Advanced running planner အနေနဲ့ heart rate, workout time, distance, stride frequency, speed, calories, and aerobic/anaerobic တွေရဲ့ ရလဒ်တွေကို စနစ်တကျပြသပေးနိုင်ပါတယ်။ ဒါတင်မကသေးပဲ အိပ်စက် ခြင်းနဲ့ပတ်သက်တဲ့ tracking တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။

ဘက်ထရီစွမ်းအားအနေနဲ့လည်း မြင့်မားတဲ့ ဘက်ထရီစွမ်းအားကို ထောက်ပံ့ပေးထားလို့ သာမန် အသုံးပြုသူတွေအတွက် တစ်ခါအားအပြည့်သွင်းထားရင် ၁၄ ရက်လောက် အသုံးခံပါတယ်။ ၎င်း HONOR Band 5 အပြင် HONOR Band 5 Sport တို့ကို နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး shop.com.mm တွင် စတင်ဝယ်ယူနိုင်ပြီး ဈေးနူန်းများအနေဖြင့် HONOR Band 5 ကို ၃၈,၉၀၀ ကျပ်၊ HONOR Band 5 Sport edition ကို ၂၃,၉၀၀ ကျပ် ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။