TOP

HONOR News Myanmar
MM သတင္း စျေးနှုန်းသင့်တင့်ပြီး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့် HONOR 9X
December 3, 2019

စျေးနှုန်းသင့်တင့်ပြီး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့် HONOR 9X

HONOR X စီးရီးကနေ ထပ်မံ မိတ်ဆက်ထားတဲ့ အလယ်အလတ်တန်းစား ဈေးနှုန်းသာရှိပြီး နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းအသုံးပြုထားတဲ့ HONOR 9X စမတ်ဖုန်းဖြစ်ပါတယ်။။ HONOR X စီးရီးမှာ 3X မှတစ်ဆင့် HONOR 8X အထိ ထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစား တစ်ခုချင်းစီအတွက် စမတ်ဖုန်းနည်းပညာတွေကို ဆန်းသစ်ပြောင်းလဲကာ ဖန်တီးလုပ်ဆောင်ထားတာကြောင့် အသုံးပြုသူတွေကို စိတ်ချမ်းသာမှု ရရှိစေမှာဖြစ်ပါတယ်။

စျေးနှုန်းသင့်တင့်ပြီး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့် HONOR 9X

HONOR 3X ကစပြီး 4X , 5X ,6X , 7X နဲ့ HONOR 8X ဆိုပြီး ထွက်ရှိခဲ့ရာကနေ အခု HONOR 9X ကို ဆက်လက်ထုတ်လုပ်ခဲ့ရာမှာ HONOR 9X စမတ်ဖုန်းက အံ့သြဖွယ်ကောင်းလောက်တဲ့ စွမ်းဆောင်ရည်၊ ပုံစံနဲ့ ဆန်းသစ်ထားတဲ့ ဓာတ်ပုံရိုက်ကူးခြင်း စတာတွေနဲ့ ပြည့်စုံစေတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာဖြစ်ပါတယ်။

HONOR 9X မှာ Kirin 710F Chipset ကို အသုံးပြုထားပြီး CPU အနေနဲ့ 4 x Cortex A73 2.2 GHz + 4 x Cortex A53 1.7 GHz နဲ့ Graphic ပိုင်းအတွက် Mali G51 MP4 GPU ထည့်သွင်းအသုံးပြုထားပါတယ်။ HONOR 9X မှာ RAM 4 GB/6 GB (LPDDR 4X) နဲ့အတူ ROM 64 GB/128 ဆိုပြီးထုတ်လုပ်ထားပါတယ်။ Storage မလုံလောက် ဘူးဆိုရင်တော့ microSD ကတ်နဲ့ 512 GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။

HONOR 9X ရဲ့ နောက်ေကျာဘက်အခြမ်းမှာတော့ 48 MP (main camera) + 8 MP(wide-angle camera) + 2 MP (depth camera) တွေပါဝင်ပြီး စကရင်ဘက်အခြမ်းမှာတော့ 16 MP Pop-up camera ပါဝင်မှာဖြစ် ပါတယ်။ ကင်မရာစနစ်မှာ AIS နည်းပညာကို အသုံးပြုထားတဲ့အတွက် ဓာတ်ပုံပေါင်းများစွာကို အရောင်စိုပြည်စွာနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာအများစုမှာ သမားရိုးကျအနေနဲ့ CMOS Technology Bayer Pixel Array ကို အသုံးပြုထားပေမယ့် HONOR 9X မှာတော့ Quad Bayer Layout နည်းပညာကို အသုံးပြုထားပါတယ်။ ဒီနည်းပညာက အရောင်တူညီတဲ့ Pixel အုပ်စုတွေကို ကြီးမားတဲ့ Pixel တွေအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ 1.6 um-pixel ေကြာင့်အလင်းအာရုံခံနိုင်မှုကို လေးဆအထိ မြင့်တက်စေမှာဖြစ်ပြီး 12MP အရည်အသွေးနဲ့ ဓာတ်ပုံတွေကို စိုပြည်မှုရှိစေမှာဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ အလင်းအနှောင့်အယှက်တွေကို လျှော့ချနိုင်ခြင်းကြောင့် ညအချိန် ဓာတ်ပုံရိုက်တဲ့အခါမှာ ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးမှုအပိုင်းမှာလည်း HONOR 9X မှာ EIS (အီလက်ထရောနစ်ပုံရိပ်တည်ငြိမ်ခြင်းစနစ်) စနစ်ကိုသာမက AI စနစ်ကိုပါ အသုံးပြုထားတဲ့အတွက် ဗီဒီယိုရိုက်ကူးမှုကို ပိုမို ကောင်းမွန်စေမှာဖြစ်ပြီး 720 P အရည်အသွေးရှိတဲ့ ဗီဒီတွေယိုကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့စကရင်ပိုင်းကို ပြောရမယ်ဆိုရင်တော့ မြင်ကွင်းကျယ်စနစ်နဲ့ဖြစ်ပြီး မြင်ကွင်းအချိုး ၉၁ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပါတယ်။ စကရင်က ၆.၅၉ လက်မ အရွယ်အစားဖြစ်ပြီး IPS-LCD FullView display ကိုအသုံးပြုထားပါတယ်။ စကရင် resolution က 2340 x 1080 ppx ဖြစ်ပါတယ်။ ဘက်ထရီကို လည်း 4000mAh ကို အသုံးပြုထားတဲ့အတွက် အချိန်ပြည့်နီးပါး ဘက်ထရီစွမ်းအင်သုံးစွဲမှု မြင့်မားသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဘက်ထရီကို အားအပြည့်သွင်းထားတဲ့ အခါမှာ ဖုန်းခေါ်ဆိုမှုအတွက် ၂၄ နာရီ ၊ web browsing ပြုလုပ်မှုအတွက် ၁၂ နာရီ ၊ video playback အသုံးပြုမှုအတွက် ၁၃ နာရီ နဲ့ ဂိမ်းကစားမှုအတွက် ၈ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းခေါင်းက 5V/2A Type-C အမျိုးအစားဖြစ်ပါတယ်။ အားသွင်းချိန်က ၀ ရာခိုင်နှုန်း ကစလို့ အားအပြည့်သွင်းချိန်အထိ ၁၂၃ မိနစ် ကြာချိန်ရှိမှာဖြစ်ပါတယ်။ ဘက်ထရီ အသုံးခံနိုင်မှုက ဂိမ်းကြာကြာ ကစားတတ်သူနဲ့ အင်တာနက်ကို အချိန်ကြာကြာ သုံးသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ကွန်ရက်ချိန်ဆက်မှုအတွက် Wi-Fi 2.4GHz: 802.11 b/g/n, Wi-Fi 5GHz: 802.11 a/ac ,Bluetooth 4.2 ,USB 2.0 , GPS/AGPS/Glonass တို့ ထောက်ပံ့ပေးထားပါတယ်။ အိန္ဒိယ ဗားရှင်းမှာတော့ 5G WiFi ကို ထောက်ပံ့ ပေးထားခြင်း မရှိပါဘူး။ SIM card Slot က Dual Sim ဖြစ်တဲ့အတွက် ဆင်းမ်ကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်ပြီး Dual VoLTE စနစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ကွန်ရက်အနေနဲ့ TD-LTE/FDD LTE/WCDMA/GSM စတာတွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဥရောပအတွက် ထုတ်လုပ်တဲ့ ဗားရှင်းမှာတော့ TDD LTE ကို ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။

HONOR 9X က စျေးနှုန်းသင့်တင့်တယ်လို့ ဆိုထားတဲ့အတွက် စျေးနှုန်းကလည်း ၃၃၉,၉၀၀ ကျပ်ပဲရှိမှာ ဖြစ်ပါတယ်။ မြင်ကွင်းကျယ်စနစ် မျက်နှာပြင်ကြီးကြီး စျေးနှုန်းအသင့်အတင့်နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ထည့်သွင်း အသုံးပြုထားတဲ့ ဖုန်းကို သုံးချင်တယ်ဆိုရင် HONOR 9X က ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။