TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X
February 24, 2020

¬သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X

HONOR ဖုန်းတွေဟာဆိုရင်တော့ အားလုံးလည်းသိတဲ့အတိုင်းပဲ သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ဖုန်းတစ်လုံးဆိုရင်လည်းမမှာပါဘူးနော်။ အခုဆိုရင်လည်း HONOR ရဲ့ X Series များထည်းမှ HONOR 9X ကိုမြန်မာနိုင်ငံမှာ တရားဝင်ရောင်းချသွားပေးသွားတော့မှာဖြစ်ပါတယ်။

¬သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X

HONOR 9Xတွင် Notch မပါဝင်သော ၆.၅၉ လက်မမျက်နှာပြင်နှင့် resolution 1080x2340 pixels ရှိပြီး မျက်နှာပြင် pixel သိပ်သည်းဆမှာ ၃၉၁ pixels per inch (ppi) ဖြစ်သည်။ HONOR 9X ၏မျက်နှာပြင်မှာ Notch ပါဝင်မှုမရှိသည့်အတွက် Screen to body ration မှာ91% ရှိမည်ဖြစ်သည်။ ထို့အပြင် ဘက်ထရီသိုလှောင်မှု အတွက် 4000mAh ပါဝင်လာမှာဖြစ်ထိုပမာဏဟာ ပုံမှန်အသုံးပြုသူတစ်ယောက်အတွက်တစ်နေ့တာ ကောင်းစွာလုံလောက်မှုရှိမည်ဖြစ်ပါသည်။ ဘက်ထရီသက်တမ်းမှာ 3G ဖုန်းခေါ်ဆိုမှုအတွက် (၂၄ နာရီ)၊ အင်တာနက်အသုံးပြုခြင်းဝက်ဘ်ရှာဖွေခြင်းအတွက် (၁၂ နာရီ)၊ ဗွီဒီယိုကြည့်ရှုခြင်းအတွက် (၂၂ နာရီ) ။ ဂိမ်းကစားခြင်းအတွက် (၁၀ နာရီ)အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ (၀ မှ ၁၀၀% အထိ) အပြည့်အ၀အားပြန်လည်သွင်းဖို့ကြာချိန်မှာ ၁၂၃ မိနစ်သာကြာမြင့်မည်ဖြစ်သည်။

¬သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X

ကင်မရာပိုင်းတွင်လည်း ကင်မရာသုံးလုံးကို အသုံးပြုပေးထားပြီး f / 1.8 aperture 48 megapixel မူလကင်မရာကိုပါရှိမည်ဖြစ်ပြီး f / 2.4 aperture 8-megapixel Super-Wide-Angle ဒုတိယကင်မရာ နှင့် f / 2.4 aperture 2-megapixel Depth Assist တတိယကင်မရာ အသီးသီးတို့ကို အသုံးပြုထားပါသည်။ ၎င်း HONOR 9X တွင် selfie အတွက် f / 2.2 aperture 16 megapixel pop-up ကင်မရာတို့ ပါဝင်သည်။

HONOR 9X ကို octa-core Kirin 710 ပရိုဆက်ဆာဖြင့်အသုံးပြုထားပြီး 4GB/6GB(LPDDR 4X) RAM Memory အသီးသီးပါရှိမည်ဖြစ်သည်။ HONOR 9X တွင် 64GB/128GB ထည့်သွင်းထားသောသိုလှောင်မှုပမာဏနှင့် microSD card (512GB အထိ) ဖြင့်တိုးချဲ့နိုင်သည်။ HONOR 9X သည် dual-SIM စမတ်ဖုန်းဖြစ်ပြီး Nano-SIM ကဒ်များကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

¬သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X

HONOR 9X တွင်Wi-Fi 802.11 a / b / g / n / ac, Bluetooth v4.2, USB Type-C နှင့် Headphones တို့ပါဝင်သည်။ HONOR 9X တွင် လက်ဗွေယာလုံခြုံရေးစနစ်လည်းပါရှိမည်ဖြစ်သည်။

¬သင့်တင့်တဲ့ဈေးနှုန်းထားနှင့် အကောင်းမွန်တဲ့ Feature တွေစုံလင်စွာပါဝင်တဲ့ HONOR 9X

အလေးချိန်မှာ ၁၆၃.၅x ၇၇.၃ x ၈.၈၀ မီလီမီတာ (အမြင့် x အကျယ်နှင့်အထူ x အထူ) ရှိမည်ဖြစ်သည်။ အလေးချိန်မှာ ၁၉၆.၈ ဂရမ် ရှိမည်ဖြစ်သည်။ ၎င်း HONOR 9Xကို အပြာရောင် နှင့် အနက်ရောင် အရောင်နှစ်မျိုးရရှိနိုင်မည်ဖြစ်ပါသည်။