TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း ပြီးပြည့်စုံမှုရှိပြီး ဈေးနှုန်း သက်သက်သာသာနဲ့သုံးစွဲနိုင်မယ့် HONOR 9X
December 4, 2019

ပြီးပြည့်စုံမှုရှိပြီး ဈေးနှုန်း သက်သက်သာသာနဲ့သုံးစွဲနိုင်မယ့် HONOR 9X

အားလုံးသိကြတဲ့အတိုင်းပဲ HONOR X Series ဟာ အလယ်အလတ်တန်းစားဖုန်းတွေရဲ့ သင့်တင့်တဲ့ ဈေး နှုန်းမျိုးနဲ့ မော်ဒယ်မြင့်ဖုန်းတွေမှာ ထည့်သွင်းပေးတဲ့အဆင့်မြင့် features တွေကို အသုံးပြုထုတ်လုပ်ထားတဲ့ စမတ်ဖုန်းစီးရီး တစ်ခုပဲဖြစ်ပါတယ်။ ၄င်း X Series အနေနဲ့ ပထမဆုံးထုတ်လုပ်ပေးခဲ့တဲ့ စမတ်ဖုန်းက HONOR 3X ပဲဖြစ်ပြီး အခုဆိုရင် HONOR 9X ထိကို ထုတ်လုပ်လာနိုင်ခဲ့ပါပြီ။ နောက်ဆုံးထွက်ရှိထားတဲ့ ၄င်း HONOR 9X စမတ်ဖုန်းကိုလည်း မကြာမီ မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဈေးကွက်ထဲမှာ စတင်ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ HONOR 9X ဟာ ၄င်းအရင်မော်ဒယ် HONOR 8X ထက် ကင်မရာစွမ်းအားပိုင်းနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ ပိုမိုကောင်းမွန်လာ တာကိုတွေ့ရပြီး မျက်နှာပြင်လည်း ပိုမိုကြီးမားကျယ်ပြန့်လာပါတယ်။

ပြီးပြည့်စုံမှုရှိပြီး ဈေးနှုန်း သက်သက်သာသာနဲ့သုံးစွဲနိုင်မယ့် HONOR 9X

အရှေ့ဘက်မျက်နှာပြင်ဒီဇိုင်းပုံစံက မျက်နှာပြင်ပေါ်မှာ ဘာ Notch မှမပါရှိတော့ပဲ မျက်နှာပြင်ပြည့်ဒီဇိုင်းဖြစ်သွား ပြီး အရှေ့ကင်မရာကို နောက်ဆုံးပေါ် Motorized Pop-up Camera အနေနဲ့တပ်ဆင်ပေးထားပါတယ်။ အနောက်ကင်မရာပုံစံကလည်း နည်းနည်းပြောင်းသွားပါတယ်။ အနောက်ကင်မရာက 48 MP (main camera) + 8 MP (wide-angle camera) + 2 MP (depth camera) ဆိုပြီး ၃ လုံးပါရှိတဲ့အပြင် AIS Super Night mode ပါရှိလို့ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို Professional ကျကျ ရိုက်ကူးနိုင်ပါတယ်။ ဒါတင်မကသေးပဲ ထည့်သွင်းပေးထားတဲ့ AI video stabilization စနစ် ကြောင့် လက်မငြိမ်မှုကြောင့်ဖြစ်တဲ့ ဓာတ်ပုံေ၀၀ါးခြင်းတွေကိုလည်း အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။ အရှေ့ကင်မရာက Motorized pop-up 16 MP, f/2.2 aperture စွမ်းအားရှိပါတယ်။

မျက်နှာပြင်က 6.59-inch အကျယ်ရှိပြီး sky-high 91% screen-to-body ratio ရှိတဲ့ HONOR Full View Display အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ကျယ်ကျယ်နဲ့ မြင်ကွင်းစွမ်းအားကောင်းမွန်ပြီး ကြည် လင်ပြတ်သားတဲ့ ရုပ်ထွက်မျိုးတွေကို ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် TÜV Rheinland-certified Blue Light Filter ပါရှိတာကြောင့် ဖုန်းမှထွက်တဲ့ အပြာရောင် ရောင်ခြည်ကြောင့် မျက်လုံးထိခိုက်မှုမရှိအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာလည်း Non-removable Li-Po 4000 mAh battery ကိုထောက်ပံ့ပေးထားလို့ တစ်နေ့လုံး အေးအေးဆေးဆေး အသုံးပြုနိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ၂၄ နာရီကြာ ဖုန်းဆက် တိုက်ပြောနိုင်ပြီး ၁၂ နာရီကြာ web browsing လုပ်နိုင်သလို ၂၂ နာရီခန့် ဗီဒီယိုတွေကို ဆက်တိုက်ကြည့်ရှုနိုင် တဲ့အပြင် ဂိမ်းကစားမယ်ဆိုရင်တော့ ၁၀ နာရီကြာ ကစားနိုင်မှာပါ။ ဒါ့တင်မကသေးပဲ ဘက်ထရီကို ပြန်လည် အားသွင်းတဲ့အခါမှာလည်း Battery charging 10W စနစ်ပါရှိလို့ အားပြန်သွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

ဒါကြောင့် HONOR 9X ကို အားလုံးခြုံငုံကြည့်မယ်ဆိုရင် အဘက်ဘက်ကနေ ပြီးပြည့်စုံမှုရှိပြီး ဈေးနှုန်း သက်သက်သာသာနဲ့သုံးစွဲနိုင်မယ့်အရည်အသွေးမြင့်အလယ်အလတ်တန်းစားစမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ HONOR 9X စမတ်ဖုန်း အသစ်စက်စက်လေးကို ဒီဇင်ဘာလ (၅)ရက်နေ့မှာ ၃၃၉,၉၀၀ ကျပ် နဲ့ ပိုင်ဆိုင်ခွင့် ရတော့မှာဖြစ်ပါတယ်။

Reference – Net Guide Journal