TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း HONOR 9X စမတ်ဖုန်း အသစ်စက်စက်လေးဟာ လူတိုင်းအတွက် ထာဝရ အဖော်မွန်ပါ။
December 4, 2019

HONOR 9X စမတ်ဖုန်း အသစ်စက်စက်လေးဟာ လူတိုင်းအတွက် ထာဝရ အဖော်မွန်ပါ။

HONOR 9X စမတ်ဖုန်း အသစ်စက်စက်လေးဟာ လူတိုင်းအတွက် ထာဝရ အဖော်မွန်ပါ။

ချစ်စရာကောင်းပြီး စွဲဆောင်မှု အပြည့်ရှိတဲ့ စမတ်ဖုန်းအသစ် လှလှလေးလေးတွေကို မြင်မိတာကြောင့် စိတ်ဝင်တစားနဲ့ ဖုန်းတစ်လုံးကို ကောက်ကိုင် ကြည့်မိလိုက်ပါတယ်။

ဒီ စမတ်ဖုန်း အမျိုးအစားဟာ HONOR X Series ထဲက HONOR 9X မော်ဒယ်ဆိုတာ သိရပြီး သူတို့ ထုတ်လုပ်ရင် back cover texture လေးတွေ အရမ်းလှတယ်ဆိုတာ ခံစားမိပါတယ်။ X ပုံစံကို ထုတ်လုပ်ပေးထားတာဟာ တခြားဖုန်းတွေနဲ့လည်း လုံးဝ ကွဲထွက်နေပါတယ်။

လှပလွန်းတဲ့ ဖုန်းလေးရဲ့ ရှေ့ဘက်၊ နောက်ကျောနဲ့ ဘေးဘယ်ညာ လှည့်ကာလှည့်ကာ ကိုင်ကြည့် မိတဲ့အခါ သူ့မှာ ဘယ်အချက်အလက်တွေ ထည့်သွင်းထားသလဲ ဆိုတာ ပိုလို့ သိချင်လာပါတယ်။ တခြား စမတ်ဖုန်းတွေနဲ့ရော ဘယ်လို ကွာခြားသလဲဆိုတာ သိချင်စိတ်က မရိုးမရွ ဖြစ်လာပါတော့တယ်။

ဒါနဲ့ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့ အခါမယ် ကင်မရာအပိုင်းမှာ အဓိက 48MP ကင်မရာတစ်ခုနဲ့အတူ 8MP ဒုတိယ ကင်မရာနဲ့ 2MP Depth Sensor ကို တပ်ဆင်ထားပေးတယ်။ Selfie Camera အတွက် 16MP Sensor တွေကို အသုံးပြုထားပြီး Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။ RAM 6GB နဲ့ ထုတ်လုပ်ထားပေးတာ သိရပါတယ်။

Display အပိုင်းအတွက် Resolution 1080 x 2340 pixels ရှိတဲ့ 6.59” LCD FullView Display တွေကို အသုံးပြုထားပါတယ်။ Fingerprint Sensor ကို ထည့်သွင်း တပ်ဆင်ပေးထားပြီး Face Recognition စနစ်လည်း ပါဝင်တာ သိရပါတယ်။ ဖုန်းရဲ့Body to screen ratio ဟာ ဖုန်းတစ်လုံးလုံးရဲ့ ၉၁ ရာခိုင်နှုန်း အချိုးအစား ရှိပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ပါဝင်ကြပြီး USB Type-C ကနေတဆင့် 5V/2A (10W) အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ အားပြည့်သွားရင်တော့ တစ်နေ့တာလုံး ဖုန်းပြောနိုင်သလို ၁၂ နာရီကြာ ဖုန်းပွတ်နိုင်ပါတယ်။

ကဲ! ဒါဆိုရင် ဒီလောက်ကောင်းမွန်လှပတဲ့ စမတ်ဖုန်း အသစ်စက်စက်လေးကို ဒီဇင်ဘာလ (၅)ရက်နေ့မှာ ၃၃၉,၉၀၀ ကျပ် နဲ့ ပိုင်ဆိုင်ခွင့် ရတော့မှာဖြစ်တဲ့အတွက် လူတိုင်းရဲ့ ထာဝရအဖော်မွန်အဖြစ် ပျော်စရာလေးတွေ ဖြစ်ပြီပေါ့နော်..

Reference – 7 Days News Journal