TOP

သင့်နိုင်ငံ သို့မဟုတ် ဒေသအား ရွေးချယ်ပေးပါ
GLOBAL
ASIA PACIFIC
EUROPE
LATIN AMERICA
MIDDLE EAST & AFRICA
NORTH AMERICA
HONOR News Myanmar
MM သတင်း ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စမတ်ကျကျ နေထိုင်တတ်ဖို့ရာ HONOR Band 5 စမတ်လက်ပတ်ကို ရွေးချယ်လိုက်ပါ။
November 10, 2019

ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စမတ်ကျကျ နေထိုင်တတ်ဖို့ရာ HONOR Band 5 စမတ်လက်ပတ်ကို ရွေးချယ်လိုက်ပါ။

HONOR Band 5 စမတ်လက်ပတ်ကို လက်ကောက်ဝတ်မှာ ပတ်ထားသူတိုင်းဟာ အင်မတန် စမတ်ကျလို့ လှပခေတ်မီနေသူအဖြစ် လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို ခံနေရပါပြီ။

HONOR Band 5 မှာ 0.95 လက်မ အရွယ်ရှိပြီး အရောင်အသွေး စုံလင်တဲ့ AMOLED touch display ကို အသုံးပြုထားတာကြောင့် ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းတာ သိရပါတယ်။ မျက်နှာပြင်ကို 2.5D Curved Glass လည်း အုပ်ပေးထားတာ တွေ့ရပါတယ်။ အိမ်၊ရုံးနဲ့ အားကစားခန်းမ နေရာတိုင်းပေါ် မူတည်ပြီး ဒိုင်ခွက်ပုံစံ အသစ်တွေကိုလည်း ကိုယ့်စိတ်ကြိုက် ပြောင်းလဲနိုင်တာမို့ အလန်းလွန် အလွန်လန်းတာပေါ့။

စပတ်လက်ပတ်အသစ်ရဲ့ ထူးခြားချက်ကတော့ နှလုံးခုန်နှုန်းကို အချိန်မရွေး စောင့်ကြည့်နိုင်ပြီးTruSeen™ 3.0 အသုံးပြုထားတယ်။ သွေးအတွင်း အောက်စီဂျင်ပမာဏကို တိုင်းပေးနိုင်တဲ့ အာရုံခံစနစ်လည်း ထည့်ထားတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးသလို အိပ်စက်မှုအရည်အသွေးကို စောင့်ကြည့် မှတ်သားပေးနိုင်‌တယ်။

သာမန်ရေအနက် မီတာ ၅၀ မှာ ၁၀ မိနစ်ကြာ ရေစိုခံနိုင်သလို ရေကူးနည်း ပုံစံအမျိုးမျိုးကို တွက်ချက် ပေးနိုင်တယ်။ အိမ်တွင်းအိမ်ပြင်မှာ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေးကူးတာနဲ့ လှေလှော်တာ တို့လို ကိုယ်လက်လှုပ်ရှားမှု (၁၀)မျိုးကို အထောက်အပံ့ ပေးနိုင်တယ်။

လှုပ်ရှားမှု မှန်သမျကို အာရုံခံနိုင်တာမို့ စမတ်လက်ပတ်ကနေ ဖုန်းနဲ့ ဓာတ်ပုံ လှမ်းရိုက်နိုင်တယ်။ လက်ကိုင်ဖုန်း အဝင်ကောကို လက်ခံတာနဲ့ ဖုန်းပိတ်တာ လုပ်လို့ရတယ်။ Notification နဲ့ Message ဝင်လာတာကို အသိပေး နိုင်တယ်။ ချိတ်ဆက်ထားတဲ့ဖုန်း အထားမှားရင် Bluetooth ဧရိယာအတွင်း အလွယ်တကူ ရှာဖွေနိုင်တယ်။ ဘက်ထရီ ပမာဏကလည်း ပုံမှန် သုံးရင် (၁၄)ရက်အထိ ကြာရှည်သုံးနိုင်တော့ လုံးဝ မိုက်ပြီပေါ့။

ဒီလိုမျိုး Features အလန်းတွေ စုံလင်တဲ့အပြင် ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ဘယ်အချိန်မဆို ခန့်ညားနေစေမယ့် HONOR Band 5 ကို နိုဝင်ဘာလ ၁၁ ရက်နေ့က စလို့ shop.com.mm ကနေ ဝယ်ယူနိုင်ပါပြီ။ အနက်၊ အပြာနဲ့ ပန်းနုရောင်(၃)မျိုးထဲက နှစ်သက်ရာအရောင်ကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်နော်..

ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စမတ်ကျကျ နေထိုင်တတ်ဖို့ရာ HONOR Band 5 စမတ်လက်ပတ်ကို ရွေးချယ်လိုက်ပါ။

HONOR Band 5 Sport က ကျပ် ၂၃,၉၀၀ နဲ့ရောင်းနေပါတယ်။ အခုပစ္စည်း အသစ်ဖြစ်တဲ့ HONOR Band 5 က သူ့ထက် အရည်အသွေးပိုင်းတွေ ပိုကောင်းတဲ့အပြင် ပုံမှန်ရောင်းဈေးအောက် လျှော့ချပြီး ကျပ် ၃၈,၉၀၀ နဲ့ရောင်းနေတာမို့ အခုပဲ ဝယ်လို့ စမတ်ကျကျ ပတ်လိုက်ကြစို့....

Reference – 7 Days news journal