TOP

HONOR News Myanmar
MM သတင်း ချိုသာတဲ့ ဈေးနှုန်း၊ သေသပ်လှပတဲ့ ဒီဇိုင်း နဲ့ မြင်သူတကာ ငေးသွားရလောက်တဲ့ HONOR 7A နှင့် HONOR 7C
June 28, 2018

ချိုသာတဲ့ ဈေးနှုန်း၊ သေသပ်လှပတဲ့ ဒီဇိုင်း နဲ့ မြင်သူတကာ ငေးသွားရလောက်တဲ့ HONOR 7A နှင့် HONOR 7C

Huawei ရဲ့ လက်ခွဲ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ HONOR အနေနဲ့ နိုင်ငံတကာမှာ လူကြိုက်များနေတဲ့ တန်ဖိုးနည်း စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း HONOR 7A နဲ့ HONOR 7C စမတ်ဖုန်း မော်ဒယ်နှစ်ခု ကို မြန်မာနိုင်ငံအတွက် HONOR Myanmar ကနေ တစ်ဆင့် တရားဝင် မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

HONOR 7A

HONOR 7A စမတ်ဖုန်းဟာ အရွယ်အစား 152.4 x 73 x 7.8 mm ရှိမှာဖြစ်ပြီး ၁၅၀ ဂရမ် အလေးချိန် ရှိမှာ ဖြစ်ပါတယ်။ ပလတ်စတစ် နဲ့ သတ္တု ရောစပ်ထားတဲ့ Rear Panel ကို အသုံးပြုထားပြီး ဘေးဘောင်တွေ အတွက်ကို သတ္တု ဖရိန် အသုံးပြုထားပါတယ်။

Dual Rear Camera နဲ့ Fingerprint Reader ကို HONOR 7A ရဲ့ ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပြီး အရောင် အနေနဲ့ Auora Blue၊ Midnight Black၊ Platium Gold စတဲ့ အရောင်သုံးမျိုး အနေနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

HONOR 7A မှာ ၅.၇ လက်မ အရွယ်အစားရှိ HD+ (720 x 1440) Resolution Display ကို 18:9 Aspec Ratio နဲ့ တွဲဖက် အသုံးပြုပေးထားတာ ဖြစ်တာကြောင့် ရုပ်ရှင် နဲ့ ဗွီဒီယိုများ ကြည့်ရှုတဲ့ အခါတွေမှာ၊ ဂိမ်းကစားတဲ့ အခါတွေမှာ အကောင်းမွန်ဆုံး ခံစားမှုတွေကို HONOR 7A က ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။

HONOR 7A စမတ်ဖုန်းမှာ RAM အနေနဲ့ 3GB၊ Internal Storage 32 GB ပါဝင်မှာ ဖြစ်တဲ့အပြင် Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် Storage Space ကို ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ HONOR 7A မှာ Dual Sim အသုံးပြုနိုင်မှာ ဖြစ်ပြီး Sim Slot သက်သက် SD Card Slot သက်သက် ဖြစ်တာကြောင့် Sim ကတ် နှစ်ကတ် နဲ့အတူ SD Card ကို တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

HONOR 7A မှာ Processor ပိုင်း အတွက် Snapdragon 430 Chipset ကို အသုံးပြုထားပါတယ်။ 3000 mAh ဘက်ထရီ ပါဝင်ပြီး ဘက်ထရီ အသုံးပြုမှု ပမာဏကို ထိန်းညှိပေးနိုင်တဲ့ Intelligent Power Management Feature ပါဝင်တာကြောင့် ဘက်ထရီ ခဏလေး နဲ့ ကုန်သွားမှာကို စိုးရိမ်ကြောင့်ကြနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။

HONOR 7A မှာ အဓိက ကောင်းမွန်တဲ့ အချက်ကို ပြောပါဆိုရင် ကင်မရာပိုင်းလို့ ပြောရမှာပါ။ Rear Camera အတွက် 13MP + 2MP Dual Camera Setup ကို အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် Bokeh Effect၊ Beauty Mode၊ Aperture Mode၊ Watermark Mode၊ Smile Capture၊ AR Stickers စတဲ့ Feature တွေ ပါဝင်တာကြောင့် အရည်အသွေးမြင့် ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ အမှန်ပါပဲ။

Selfie ပိုင်း အတွက်ကိုတော့ ပါဝင်တဲ့ 8MP f/2.0 Selfie ကင်မရာ ကို အသုံးပြုပေးထားပါတယ်။ LED Flash ပါဝင်တာကြောင့် အလင်း အပြည့်အဝမရတဲ့ နေရာတွေမှာ ဓါတ်ပုံ ရိုက်ကူးမယ် ဆိုရင်တောင် Selfie ဓါတ်ပုံ လှလှလေးတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Front Camera မှာ Face Unlock စနစ်လည်း ပါဝင်တာကြောင့် Fingerprint Sensor အသုံးမပြုချင်ဘူး ဆိုရင်လည်း Face Unlock နဲ့ HONOR 7A စမတ်ဖုန်း ကို အလွယ်တကူ Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

HONOR 7A မှာ နောက်ထပ် ကောင်းမွန်တဲ့ အချက်တစ်ခုကို ပြောပါဆိုရင် စပီကာ အပိုင်းကို မဖြစ်မနေ ပြောရမှာပါ။ Honnor 7A မှာ Audio Output 88 Decibel ထုတ်ပေးနိုင်တဲ့ Smart Power Amplifier Chip ကို ကြီးမား ကောင်းမွန်တဲ့ စပီကာနဲ့ အတူ တွဲဖက် အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် HONOR 7A ဖုန်း အချင်းချင်း NFC ချိတ်ဆက်ပြီး သီချင်း တစ်ပုဒ်ထဲကို အတူတကွ ဖွင့်နိုင်မယ့် Party Mode၊ Histen 3D Audio စတဲ့ Feature တွေလည်း HONOR 7A မှာ ပါဝင်ပါတယ်။

အခြား Features တွေ အနေနဲ့ 3.5mm Audio Jack, microUSB 2.0, Bluetooth 4.2, Wi-Fi 802.11 b/g/n, Dual-SIM Support, 4G VoLTE, GPS, GLONASS စတဲ့ Features တွေ ပါဝင်ပြီး HONOR 7A မှာ Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 Operating System ကို အသုံးပြုထားပါတယ်။
အခုလို အစစ အရာရာ ပြီးပြည့်စုံတဲ့ HONOR 7A စမတ်ဖုန်း ကို ဝယ်ယူချင်တယ် ဆိုရင်တော့ နိုင်ငံတစ်လွှားရှိ ဆိုင်ပေါင်း ၃၀၀ ကျော်မှာ မြန်မာကျပ်ငွေ ၁သိန်း ၇သောင်း ၉ထောင် ကျပ်ထဲနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

HONOR 7C

HONOR 7A စမတ်ဖုန်း နဲ့ အတူ HONOR 7C စမတ်ဖုန်း ကိုလည်း HONOR Myanmar အနေနဲ့ မိတ်ဆက် သွားခဲ့ပါတယ်။ HONOR 7C စမတ်ဖုန်းမှာ ၅.၉၉ လက်မ အရွယ်အစားရှိ HD+ (1440 x 720) Resolution TFT LCD IPS Display ကို 18:9 Aspect Ratio နဲ့ တွဲဖက် အသုံးပြုပေးထားတာကြောင့် ဗွီဒီယို ကြည့်ရှုတဲ့ အခါမှာ ဒါမှမဟုတ် ဂိမ်းကစားတဲ့ အခါမှာ ပိုမို လှုပ်ရှားသက်ဝင်တဲ့ အတွေ့အကြုံသစ်တွေ ရရှိ ခံစားနိုင်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

14nm Octa-Core Chipset နဲ့ စွမ်းအားမြင့် Adreno 506 GPU တို့ ပါဝင်သောကြောင့် ဂိမ်းအားလုံးကို အလွယ်တကူ ချောမွေ့စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 4GB၊ Internal Storage 64 GB ပါဝင်မှာ ဖြစ်ပြီး Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် 256GB အထိ ထပ်မံ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

HONOR 7C ဟာ Dual SIM အသုံးပြုနိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး microSD Slot လည်း သီးသန့် ပါဝင်တာကြောင့် SIM ကဒ် နှစ်ကဒ် နဲ့အတူ microSD Card ကို တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် HONOR 7A မှာ အနှောင့်အယှက်မရှိ ဂိမ်းကစားနိုင်ရန်အတွက် Gaming Feature တစ်ခု သီးသန့် ပါဝင်တာကြောင့် ဂိမ်းကစားရာမှာ အနှောင့်အယှက်မရှိ အေးအေးဆေးဆေး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ HONOR 7C မှာ Rear ကင်မရာ အတွက် 13MP Primary Sensor နဲ့ အတူ 2MP Secondary Sensor ကို Dual Camera Setup အနေနဲ့ တွဲဖက် အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် 2MP Secondary Sensor ကို အသုံးပြုပြီး Vivid Shots တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Selfie ပိုင်း အတွက်ကိုတော့ 8MP f/2.0 Selfie Camera ကို အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် Smart Soft Light ပါဝင်တာကြောင့် Manual Mode မှာ မိမိစိတ်ကြိုက် အလင်းအမှောင် ချိန်ညှိပြီး လှပတဲ့ Selfie ဓါတ်ပုံလေးတွေ ကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

HONOR 7C မှာ Fingerprint Scanner ကို ဖုန်း ရဲ့ ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပြီး Fingerprint Scanner အသုံးမပြုချင်ဘူး ဆိုရင်လည်း Selfie ကင်မရာ ကို အသုံးပြုပြီး Face Unlock Feature ကနေ တစ်ဆင့် ဖုန်း ကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ အနေနဲ့ 3000 mAh ဘက်ထရီ ကို အသုံးပြုပေးထားပြီး HONOR 7A မှာလို ဘက်ထရီ အသုံးပြုမှု ပမာဏကို ထိန်းညှိပေးနိုင်တဲ့ Feature လည်း ပါဝင်မှာ ဖြစ်ပါတယ်။ HONOR 7C မှာ Operation System အနေနဲ့ Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 Operating System ကို အသုံးပြုထားပါတယ်။

HONOR 7C ဟာ Ear Return Mode ပါဝင်တဲ့ အတွက် သီချင်းဆိုနေရင် Key ကိုထိန်းသိမ်းပေးခြင်း၊ နားကြပ်နဲ့သီချင်းဆိုလိုက်ရင် မိမိ သီဆိုနေတဲ့ သီချင်းသံ ကို ပြန်လည် နားဆင်နိုင်ပြီး Studio ခန်းမှာ သီချင်းဆိုနေသလို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dual Bluetooth စနစ်လည်း ပါဝင်တာကြောင့် တစ်ချိန်ထဲမှာ Bluetooth Speaker နှစ်လုံးကို တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ဒီဇိုင်း၊ အဘက်ဘက်မှာ ပြီးပြည့်စုံတဲ့ HONOR 7C စမတ်ဖုန်း ကို ဝယ်ယူချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံ အတွင်းရှိ ဆိုင်ပေါင်း ၃၀၀ ကျော်မှာ မြန်မာငွေ ၂သိန်း ၅သောင်း ၉ထောင် ကျပ် နှင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: HONOR Myanmar

Source From: mytechmyanmar.com